DVB Logo
Home
မြန်မာသတင်း
အမ်ပီတီ မိုဘိုင်းလ်ဖုန်းသုံးသူ ၂ လအတွင်း လေးပုံတစ်ပုံကျော် လျော့ကျ
DVB
·
May 22, 2015
အမ်ပီတီ မိုဘိုင်းလ်ဖုန်းသုံးသူ ၂ လအတွင်း လေးပုံတစ်ပုံကျော် လျော့ကျ
Donate to DVB

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) ရဲ့ ဖုန်းမိုဘိုင်းလ်ဖုန်း သုံးစွဲသူ အရေအတွက်ဟာ ၂ လအတွင်း လေးပုံတစ်ပုံကျော် လျော့ကျသွားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အမ်ပီတီ သုံးစွဲသူ ၁၁ သန်းရှိခဲ့တာကနေ မတ်လကုန်မှာ ၈ ဒသမ ၄ သန်းအထိ လျော့ကျသွားခဲ့တာပါ။

မြန်မာ့ ဆက်သွယ်ရေးဈေးကွက်ကို တဦးတည်းချုပ်ကိုင်ခဲ့တဲ့ အမ်ပီတီ ဟာ ၂ဝ၁၃ ခုနှစ် မတ်လကုန်မှာ သုံးစွဲသူ ၄ သန်းကျော်ကနေ ၂ဝ၁၅ ခုနှစ် ဇန်န၀ါရီမှာ ၁၁ သန်းကျော်အထိ တဟုန်ထိုး မြင့်တက်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် သြဂုတ်ကနေစပြီး ဆက်သွယ်ရေး ၀န်ဆောင်မှုကို နိုင်ငံခြား အော်ပရေတာနှစ်ခုဖြစ်တဲ့ အော်ရီဒူးနဲ့ တယ်လီနောတို့ စတင်လုပ်ကိုင်လာခဲ့ပြီးတဲ့နောက် အမ်ပီတီဟာ အခုလို ဈေးကွက် ခွဲဝေပေးလိုက်ရတာပါ။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း သုံးစွဲသူ ၁၈ သန်းကျော်ရှိနေပြီး ဖုန်းသုံးစွဲတဲ့အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်။

ဒီအပေါ်မှာ ဝေဖန်ကန့်ကွက်တာတွေ ရှိနေပြီး ဒီနှစ်မှာ မကောက်ခံဖို့နဲ့ပတ်သက်ပြီး မေလ ၂၂ ရက် ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးသွားဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013