၂၉ ကြိမ်မြောက် ထိုင်းမြန်မာနယ်ခြားကော်မတီအစည်းအဝေး ကျင်းပ
DVB
·
May 21, 2015

ထိုင်းမြန်မာနှစ်နိုင်ငံ နယ်ခြားကော်မတီ ရဲ့ ၂၉ ကြိမ်မြောက်အစည်းအဝေးကို ထိုင်းနီုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ အမ်ပီရီရယ်မယ့်ပင်းဟိုတယ်မှာ မေလ ၂၁ ရက်နေ့က ကျင်းပပါတယ်။
ဒီအစည်းအဝေးကို တိုင်းဒေသ အမှတ် ၃ ထိုင်းတပ်မတော်က ကမကထပြုပြီး မြန်မာနိုင်ငံ ဘက်က နယ်ခြားကော်မတီဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး နဲ့ ထိုင်းဘက်က နယ်ခြားကော်မတီဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ဆာထစ် ထိဖရတ် တို့က ဦးဆောင်ဆွေးနွေး ခဲ့တယ်လို့ တိုင်းဒေသ အမှတ် ၃ ထိုင်းတပ်မတော်က ထုတ်ပြန်ပါတယ်။
အစည်းအဝေးမှာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတည် တံ့ခိုင်မြဲအောင် မြှင့်တင်ဆောင်ရွက်ဖို့ ၊ နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေ ပူးပေါင်းဆောင် ရွက်ဖို့ ၊ နှစ်နိုင်ငံ လုံခြုံရေး နဲ့ ဆက်ဆံရေးကို ထိပါးစေမယ့်ပြဿ နာတွေ ပူးပေါင်းဖြေရှင်းရေးတွေ ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသ နှစ်နိုင်ငံစစ်သည်အချင်းချင်း
တရားမ၀င်အလုပ်သမားတွေကို တရားဝင်အဖြစ်ဆောင်ရွက်ပေးရေး ၊ လူကုန်ကူးမှုပြဿ နာ ၊ စစ်လက်နက်မှောင်ခို နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ် ။
ဒီ တွေ့ဆုံဆွေးနွေးမှုဟာ နယ်စပ်ရေးရာနဲ့ ပြဿနာ ပူးပေါင်းဖြေရှင်းဖို့အတွက် အရေးကြီးသလို အဆင့်မြင့်ကော်မတီ နဲ့ နယ်ခြားကော်မတီကြား ချိတ်ဆက်ဖို့လည်း အရေးပါကြောင်း ၊ ၂၀၁၅ နှစ်ကုန်ပိုင်း မှာ ဖွင့်လှစ်မယ့် အာဆီယံစီးပွါးရေးအသိုင်းအ၀ိုင်းကို ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ အတူလှမ်းချီသွားဖို့ ထိုင်းနယ်ခြားကော်မတီဥက္ကဋ္ဌက ပြောကြားပါတယ်။











