DVB Logo
Home
မြန်မာသတင်း
လှေစီးပြေးဒုက္ခသည်အရေး အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာသမ္မတတို့ ဆွေးနွေး
DVB
·
May 21, 2015
လှေစီးပြေးဒုက္ခသည်အရေး အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာသမ္မတတို့ ဆွေးနွေး
Donate to DVB

သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ခန်တို့ နေပြည်တော်တွေ့ဆုံမှုအတွင်း လှေစီးပြေးဒုက္ခသည်အရေး အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ပြောပါတယ်။

မေလ ၂၁ ရက်က တွေ့ဆုံခဲ့ကြရာမှာ သမ္မတက လှေစီးဒုက္ခသည်အရေးနဲ့ပတ်သက်လို့ မြန်မာ အစိုးရလုပ်ဆောင်သွားမှာတွေကို ရှင်းလင်း ပြောကြားခဲ့တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“(၁) ကတော့ ဒီလူတွေအားလုံးဟာ ဟိုဘက်ကိုရောက်နေတဲ့အထဲမှာ မြန်မာနိုင်ငံသားတွေ ပါမပါပြန်စိစစ်မယ်။ စိစစ်လို့ မြန်မာနိုင်ငံသားမှန်ကန်တယ်ဆိုရင်တော့ လိုအပ်တဲ့ ကာကွယ် စောင့်ရှောက်မှုတွေ လုပ်မယ်။ (၂) ကတော့ ကျနော်တို့က တကယ်လို့ မြန်မာနိုင်ငံ ရေပိုင်နက် အတွင်းမှာ အဲ့လိုဒုက္ခသည်တွေရောက်လာမယ်ဆိုရင်လည်း စိစစ်မယ်။ စိစစ်ပြီးလိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေပေးမယ်။ ပြီးရင်သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့ပေးမယ်။ သိပ်မကြာခင်ကဖြစ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ယောက်ကိစ္စကိုလည်း ကျနော်တို့ ရှင်းပြတယ်။ (၃)ကတော့ ကျနော်တို့ လာမယ့် ၂၉ ရက်နေ့မှာလုပ်မယ့် အစည်းအဝေးကို တက်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ဖို့စီစဉ်နေတယ်။”

ရေရှည်မှာ လူမှောင်ခိုဂိုဏ်းတွေကို ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းဖြေရှင်းဖို့ အဓိက အရေးကြီးတယ်လို့ သမ္မတက  ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် သမ္မတနဲ့ အမေရိကန်ဒုဝန်ကြီးတို့ဟာ ရွေးကောက်ပွဲကိစ္စ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့ ၂ နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

မြန်မာရေပိုင်နက်ထဲက လှေစီးဒုက္ခသည်အရေးနဲ့ သူတို့ဟာ နိုင်ငံသား ဟုတ် မဟုတ် စိစစ်ရေး လုပ်ငန်းတွေကို ဒုတိယသမ္မတဦးဉာဏ်ထွန်းခေါင်းဆောင်ပြီး တာဝန်ယူဖြေရှင်းဖို့ လုပ်ဆောင်နေတယ်လို့လည်း အစိုးရက ဒီနေ့ပဲ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အလားတူ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတွေလည်း လှေစီးဒုက္ခသည်တွေ အရေးဆွေးနွေးဖို့ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013