DVB Logo
Home
မြန်မာသတင်း
ဇွဲကပင် ကေဘလ်ကားတပ်ဆင်ရေးလုပ်ငန်း စတင်
DVB
·
May 21, 2015
ဇွဲကပင် ကေဘလ်ကားတပ်ဆင်ရေးလုပ်ငန်း စတင်
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့၊ ဇွဲကပင်တောင်ထိပ်ရှိ စေတီတော်ကို ခရီးသွားတွေ အလွယ်တကူ တက်ရောက်ဖူးမျှော်နိုင်ဖို့အတွက် ကောင်းကင်ကြိုးတပ်ကေဘလ်ကား တပ်ဆင်လုပ်ငန်း  ဒီကနေ့  စတင်ပါတယ်။

ဇွဲကပင်တောင်ခြေရှိ လုမ္ဗိနီဥယျာဉ်ကနေ တောင်ပေါ် ဆံတော်ရှင် စေတီဆီကို ပြေးဆွဲမယ့် ကေဘလ်ကားတပ်ဆင်ရေးစီမံကိန်းအတွက် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ဇွဲပင်တော င်ခြေလုမ္ဗိနီဥယျာဉ်မှာ ဒီမနက် လုပ်ဆောင်ခဲ့ရာမှာ မြို့ခံသံဃာတော်တွေနဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ တက်ရောက်ပါတယ်။

ကေဘလ်ကားစီမံကိန်းဖြစ်မြောက်ရေးအဖွဲ့အထွေထွေအတွင်းရေးမှူးဦးအောင်မောင်းက“ အခုဆောက်မယ့်တောင်ခြေအဆောက်အဦးကတော့ ၃ ထပ် အဆောက်အဦးဖြစ်ပြီးတော့ မျက်နှာစာ ပေ ၈၀၊ အနောက်ဖက်ကို ပေ ၉၀၊ အလယ်ဗဟိုကနေပြီးတော့ တဖက်ကို ၂၄ ပေ ဒါကို ကေဘယ်ကားဧရိယာလို့သတ်မှတ်ထားပါတယ်။ ပြီးတော့တဖက်ကို ၁၆ ပေ ပလက်ဖောင်းပါမယ်။ ကေဘလ်ကားက ဇောင်းသွားမှာဖြစ်ပြီးတော့ ဓါတ်လှေကား၂စင်း လည်းပါမယ်”လို့ သတင်းထောက်တွေကို ပြောပါတယ်။

စီမံကိန်းတည်ဆောက်ရေးကို မြန်မာနိုင်ငံ အင်ဂျင်နီယာ ပညာရှင်များအသင်းနဲ့ ဂျပန်နိုင်ငံ ပညာရှင်တွေက ပူးပေါင်း တည်ဆောက်သွားကြမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၂ သန်းလောက် ကုန်ကျမယ်လို့ ခန့်မှန်း ထားပါတယ်။

ကုန်ကျစရိတ်အတွက် ပါဝင်လှူဒါန်းဖို့ ဆရာတော်တွေက လိုက်လံ နှိုးဆော်တိုက်တွန်းနေကြပြီး သတ်မှတ်ထားတဲ့ ငွေကြေးပမာဏ မရသေးပေမယ့်  စီမံကိန်းကို အစပျိုး လုပ်ဆောင်တာ လည်းဖြစ်ပါတယ်။

ဇွဲကပင်ကေဘလ်ကားစီမံကိန်းဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ကေဘလ်ကားစီမံကိန်းဖြစ်ပြီး ဒီစီမံကိန်းဖြစ်မြောက်ရေးအတွက် ပီနန်ဆရာတော်၊ ဇွဲကပင်ဆရာတော် နဲ့  သုံးထပ်ကျောင်း ဆရာတော်တို့ က ဦးဆောင်ပြီး ၂၀၀၃ ခုနှစ်တည်းက စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013