DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆန်စပါးအထွက်နှုန်းတိုးရန် မဟာဗျူဟာ ချမှတ်ဆောင်ရွက်
DVB
·
May 21, 2015
မြန်မာ့ဆန်စပါးအထွက်နှုန်းတိုးရန် မဟာဗျူဟာ ချမှတ်ဆောင်ရွက်
Donate to DVB

မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ အစီအမံအရ  မြန်မာနိုင်ငံရဲ့ ဆန်စပါး ထုတ်လုပ်မှုကို ၂၀၃၀ ခုနှစ်တွင် ဆန်စပါး ဟက်တာ ၇ ဒသမ ၇ သန်း (ဧက ၁၉ သန်း) စိုက်ပျိုးပြီး အထွက်နှုန်း တစ်ဟက်တာလျှင် ၄ ဒသမ ၁ မက်ထရစ်တန် ထွက်ရှိနိုင်ဖို့ မျှော်မှန်းထားကြောင်း  လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သတင်းထုတ်ပြန် လိုက်သည်။

မေလ ၂၀ ရက်နေ့က နေပြည်တော်ရှိ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနတွင်လည်း မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ အစီအမံစတင်ဖွင့်လှစ်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ပြီး သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ  ပြည်တွင်းစားသုံးမှုအတွက် မက်ထရစ်တန် ၉ ဒသမ ၉ သန်းနဲ့   ပြည်ပ တင်ပို့ဖို့   မက်ထရစ်တန် ၆ သန်း စုစုပေါင်း ဆန် မက်ထရစ်တန် ၁၇ ဒသမ ၇ သန်း ထွက်ရှိနိုင်ဖို့  မြန်မာ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ အစီအမံကို ရေးဆွဲထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မဟာဗျူဟာ အစီအမံ စတင်ဖွင့်လှစ်ခြင်း အခမ်းအနားမှာတော့ သမ္မတ ဦးသိန်းစိန်ကို  အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာန (IRRI)ကနေ ရွှေစပါးနှံ ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနားကိုပါ ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013