DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်အရေးပေါ်အကူငွေ ဒေါ်လာ ၆ သန်း သြစသြေးလျက မြန်မာကိုပေးအပ်
DVB
·
May 20, 2015
ဒုက္ခသည်အရေးပေါ်အကူငွေ ဒေါ်လာ ၆ သန်း သြစသြေးလျက မြန်မာကိုပေးအပ်
Donate to DVB

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က နေစရာမဲ့   ဒုက္ခသည်တွေအတွက် စားနပ်ရိ က္ခာနဲ့ နေစရာကူညီပေးဖို့ ဒေါ်လာ ၆ သန်း အရေးပေါ် အကူအညီပေး အပ်တယ်လို့  သြစတြေးလျနိုင်ငံက ဒီကနေ့  ကြေညာပါတယ်။

ရခိုင်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေ နေစရာအကူညီရနိုင်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး  (ယူအန်အိပ်ခ်ျစီအာ)ကို  ဒေါ်လာ ၂ သန်း၊  ဒုက္ခသည်တွေအစားအစာအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကို ဒေါ်လာ ၃ သန်းနဲ့ ကျန်တဲ့ ဒေါ်လာ ၁ သန်းကတော့ အရေးပေါ်အခြေအနေတုံ့ပြန်မှု ရန်ပုံငွေ အဖြစ်သုံးစွဲဖို့လို့ ဆိုပါတယ်။

ဒီအကူအညီဟာ  မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေကို ရေရှည်ထောက်ပံ့ပေးတဲ့အနေနဲ့ ပေးအပ်တာလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စဂျူလီဘစ်ရှော့ပ်က ကြေညာချက်မှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013