
သီလရှင်ဝတ်စုံနဲ့ အလှမယ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ ၂၀၂၆ Miss Grand တာချီလိတ် အလှမယ်ကို ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်တယ်လို့ မေ ၅ ရက်မှာ Miss Grand Myanmar Organization က ကြေညာလိုက်ပါတယ်။
တာချီလိတ်မြို့ကိုယ်စားပြု အလှမယ်ဟာ National Costume Competition မှာ ဗုဒ္ဓဘာသာဝင် မိန်းမပျိုတယောက်ရဲ့ နားသအလှူတော်မင်္ဂလာ ပြုလုပ်တဲ့ ရိုးရာဓလေ့ကို အခြေခံပြီး အသွင်ယူ ဖန်တီးထားတဲ့ ဝတ်စုံနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီးနောက် သီလရှင် ပုံစံပြောင်းကာ သီလရှင် ဝတ်စုံနဲ့ ထပ်မံ ပုံဖော်ခဲ့တာဖြစ်ပါတယ်။
Miss Grand Myanmar Organization ကတော့ Arrival Day သင်္ကြန် Theme ကတည်းက သက်ဆိုင်ရာ City Director တွေက အလှမယ်တွေကို မြန်မာ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့၊ ကိုးကွယ်ရာ ဘာသာတရာကို အကြည်ညိုပျက်စေတဲ့ ပြင်ဆင်မှုတွေ မပြုလုပ်လာဖို့ အသေးစိတ် မှာကြားတယ်လို့ ဆိုပါတယ်။
တာချီလိတ်အလှမယ်ဟာ ဝတ်စုံပြည့် အစမ်းလေ့ကျင့်တဲ့ ၂ ကြိမ်လုံးမှာ ဒီလိုတင်ဆင်မှုကို ကြိုတင် ပြသထားခြင်း မရှိတာ၊ မြန်မာပြည် လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင် ပြုရာ ရောက်တာစတဲ့ ပြိုင်ပွဲစည်းကမ်းချိုးဖောက်မှုတွေကြောင့် စာချုပ်ပါစည်းကမ်းအရ ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။











