DVB Logo
Home
Lead Story
ဖွဲ့စည်းပုံပြင်မရအောင် တင်ခဲ့ခြင်း မဟုတ်ဟု ဦးရွှေမန်းဆို
DVB
·
May 20, 2015
ဖွဲ့စည်းပုံပြင်မရအောင် တင်ခဲ့ခြင်း မဟုတ်ဟု ဦးရွှေမန်းဆို
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်တဲ့ ဥပဒေပြဋ္ဌာန်းဖို့ အဆိုတင်သွင်းခဲ့တာဟာ ဖွဲ့စည်းပုံပြင်မရအောင် တင်ခဲ့တာမဟုတ်ဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပြီးခဲ့တဲ့မိနစ်ပိုင်းအတွင်းမှာ ရေးသားဖော်ပြလိုက်ပါတယ်။

မေလ ၁၄ ရက်က ဇေယျာသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ သူအဆိုတင်သွင်းခဲ့တာဟာ ရည်ရွယ်ချက် ၃ ခုနဲ့ တင်သွင်းခဲ့တာလို့ သူရဦးရွှေမန်းက ဆိုထားပါတယ်။

ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ပျက်ပြားအောင် လုပ်ဆောင်လာမှာတွေကို ကာကွယ်ဖို့၊ အတိုက်အခံပါတီများ ဖွံ့ဖြိုးရှင်သန်းမှု ပျက်ပြားစေရန် လုပ်ဆောင်လာမှာကို ကာကွယ်ဖို့နဲ့ နိုင်ငံရေးကို လက်နက်ကိုင်နည်းလမ်းနဲ့လုပ်ဆောင်မှာကို ကာကွယ်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်သည့်ဥပဒေပြဋ္ဌာန်းရန် အဆိုတင်ခဲ့တာပါလို့ ဦးရွှေမန်းက ရေးသားဖော်ပြထားပါတယ်။

မေလ ၁၄ ရက်က သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ၁၉၅၉ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကာကွယ်ရေးဥပဒေ ပယ်ဖျက်ဖို့ လအတ်တော်မှာ အဆိုတင်သွင်းခဲ့ပြီးတဲ့နောက် ဦးရွှေမန်းက ၂၀၀၈ ဖွဲ့စည်းပုံကာကွယ်တဲ့ ဥပဒေတင်ဖို့ အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဦးရွှေမန်းရဲ့ အဲ့ဒီအဆိုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်မရအောင် ကာကွယ်တဲ့ ဥပဒေတင်တာလားဆိုတဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အခု ဦးရွှေမန်းရဲ့ ဖြေရှင်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013