DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဆေးရုံကြီးတွင် လက်ပြတ်လူနာတဦးကို လက်ပြန်ဆက်ပေး
DVB
·
May 20, 2015
ရန်ကုန်ဆေးရုံကြီးတွင် လက်ပြတ်လူနာတဦးကို လက်ပြန်ဆက်ပေး
Donate to DVB

တိုက်ကြီးမြို့နယ်ထဲမှာ ဧပြီ ၂၇ ရက်နေ့က မိသားစုချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး လက်ပြတ်သွားတဲ့ လူနာတဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လက်ပြန်ဆက်ပေးနိုင်ခဲ့ ပါတယ်။

တိုက်ကြီးကနေ ရန်ကုန်ကို ပို့ရာမှာ လက်ကို ရေခဲရိုက်ထားပြီး ပို့တာဖြစ်ပြီး ခွဲစိတ်မှုကို ညနေ ၇ နာရီ ၄၅ မိနစ်မှာ စတင်ခွဲစိတ်မှုပြုလုပ်ပြီး စုစုပေါင်း ၆ နာရီ ကြာပါတယ်။

ပြတ်သွားတဲ့ လက်ဟာ ဓားနဲ့ ခုတ်ခံရတာကြောင့် တခြား စက်ကြောင့် ပြတ်တဲ့ လက်တွေထက် ဆက်ရတာ ပိုမိုလွယ်ကူတယ်လို့ လက်ပြန်ဆက်ပေးတဲ့ နေရာမှာ အဓိက ဦးဆောင်ခဲ့တဲ့ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုပညာဌာနက ပါမောက္ခဒေါက်တာဦးခင်မောင်မြင့်က ခွဲစိတ်မှုအခြေအနေနဲ့ ပတ်သက်ပြီး ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ခွဲစိတ်ကုသချိန်စုစုပေါင်း ၆ နာရီကျော်ကြာမြင့်ခဲ့ပြီး ခွဲစိတ်ရာမှာ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုပညာဌာနက ပါမောက္ခဒေါက်တာဦးခင်မောင်မြင့်နဲ့အတူ လက်ခွဲစိတ် အထူးကု ဆရာဝန် ၂ ဦး၊ သင်တန်းသား ၂ ဦး၊ အရိုးပိုင်းဆိုင်ရာ ဆေးလက်တွေ့ပါရဂူသင်တန်းသား ၁ ဦး၊ မေ့ဆေးအထူးကုဆရာဝန်ကြီး ၁ ဦးနဲ့ လက်ထောက် မေ့ဆေးရာဝန် ၁ ဦး၊ သင်တန်းသား ၃ ဦး၊ သူနာပြု ဆရာမ ၃ ဦးတို့ ပါဝင်ခဲ့ကြပါတယ်။

လူနာအနေနဲ့ ကျန်းမာရေးအခြေအနေ အတော်ကောင်းမွန်နေပေမယ့် နဂိုအခြေအနေ ပြန်ရောက်အောင် ၁ နှစ်လောက်အထိ လေ့ကျင့်ခန်း ပြန်လုပ်ရဦးမယ်လို့ ကုသရေးမျာ ပါဝင်တဲ့ လက်ပိုင်းဆိုင်ရာခွဲစိတ်ကုပညာဌာနက အထူးကုဆရာဝန်ကြီးတဦးက ပြောပါတယ်။

အခုလို ပြတ်သွားတဲ့လက်တွေကို မြန်မာနိုင်ငံမှာ အရင်ကလည်း ပြန်ဆက်ပေးခဲ့ရဖူး ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ လက်ပိုင်းဆိုင်ရာခွဲစိတ်ကု အထူးကုဆရာဝန် အရေအတွက် အနေနဲ့ကတော့ ၉ ဦးသာရှိပြီး ပြတ်သွားတဲ့ ခြေလက်တွေကို ကုသနိုင်တဲ့ ဆေးရုံအနေနဲ့လည်း ရန်ကုန်နဲ့ မန္တလေးဆေးကြီးတွေမှာပဲ ရှိတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013