DVB Logo
Home
မြန်မာသတင်း
ဆရာတော်တပါးကို သတ်ဖြတ်သူ ၆ ဦးကို ကေအန်ယူ နှစ်ရှည်ထောင်ဒဏ် ချမှတ်
DVB
·
May 19, 2015
ဆရာတော်တပါးကို သတ်ဖြတ်သူ ၆ ဦးကို ကေအန်ယူ  နှစ်ရှည်ထောင်ဒဏ် ချမှတ်
1 / 2
Donate to DVB

သစ်ခုတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတားမြစ်ပိတ်ပင်ခဲ့တဲ့ ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်ခွဲရှိ မယ်လရွာသစ်ကျောင်း ဆရာတော်ကို သတ်ဖြတ်ခဲ့ရာမှာ ပါဝင်ပတ်သက်သူ  ၆ ဦးကို ကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့ အထူးခုံရုံးက   နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

[caption id="attachment_93743" align="alignright" width="361"]ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ[/caption]

ပြီးခဲ့တဲ့နှစ်ကုန်းပိုင်းက မယ်လရွာသစ်ကျောင်း ဆရာတော် ဦးကုသလ သတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကေအန်ယူလက်အောက်ခံ ဘားအံခရိုင် တရားစီရင်ရေးရုံးမှာ  ကရင်လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်တဲ့ အထူးခုံးရုံးတခုဖွဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး မနေ့က အပြီးသတ်စီရင်ချက်ချလိုက်တာပါ၊

ပစ်ဒဏ်ချခံရသူတွေထဲမှာ ကေအန်ယူ၊ကေအန်အယ်အေငြိမ်းချမ်းရေးကောင်စီက အဖွဲ့ဝင် ၅ ဦးနဲ့ ဘုန်းကြီး ၁ ပါး ပါဝင်ပါတယ်။

ဒီထဲက စောတာဝါးနဲ့ ဘုန်းကြီး ဦးဗုဒ္ဓ၀ံသတို့ဟာ ထွက်ပြေးလွတ်မြောက်နေလို့ သူတို့ မျက်ကွယ်မှာအလုပ်ကြမ်းနဲ့ ထောင်ဒဏ်တသက်စီရင်ချက်ချပြီး ကျန်သူတွေထဲက  စောကျော်ဒိကို  အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်၊ စောကျော်ဌေး၊ စောဖားတော့ နဲ့ စောကြည်အေးတို့ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တာဖြစ်တယ်လို့  ကေအန်ယူ ပြည်ထဲရေးနဲ့ သာသနာရေးဌာန တာဝန်ခံ ပဒိုစောအားတိုးက ပြောပါတယ်။

“အဲဒီအမှုမှာဆိုရင် နှစ်ယောက်က ထွက်ပြေးလွှတ်မြောက်သွားတယ်။ စောတာဝါးဆိုတာ ကေအန်ယူပီစီကပဲ။ နောက်တော့ သူတို့ခေါ်တဲ့ ငြိမ်းချမ်းရေးဘုန်းကြီး ဗုဒ္ဓ၀ံသဆိုတာ အခုတော့လူဝတ်လဲသွားပြီး ထွက်ပြေးနေတယ်။ သူတို့ ၂ ယောက်ကို မျက်ကွယ်စီရင်ချက်ချတယ်။ သူတို့ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်တသက် မနေ့ကစပြီးသူတို့ကို စီရင်ချက်ချတယ်။ ကျန်တဲ့ ၄ ယောက်ရှိနေယ်။ ကျော်ဒိရာ်၊ ကျော်ဌေးရယ် ဖားတော့ရယ် ကြည်အေးရယ်။ အမှုကတော့ ဒို့ကေအန်ယူက  ပုဒ်မ ၁၉၀ နဲ့  စွဲချက်တင်တယ်။ သူတို့အားလုံးဝန်ခံတယ်။”

ကေအန်ယူ ပုဒ်မ ၁၉၀ ဆိုတာကတော့ လူသတ်မှုဖြစ်ပြီး သူတို့ကို အဲဒီပုဒ်မတွေနဲ့ပဲ စီရင်ချက်ချတာ လို့ ပဒိုစောအားတိုးက ပြောပါတယ်။ ထောင်ဒဏ်ချမှတ်ခံရသူတွေကိုတော့ ကေအန်ယူ တပ်မဟာ (၇) နယ်မြေမှာရှိတဲ့  ကေအန်ယူ ထောင်မှာပဲ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

စီရင်ချက်မှာ ရက် ၄၀ အတွင်း အယူခံဝင်နိုင်တယ်လို့ ပြောဆိုထားပေမယ့် - ငြိမ်းချမ်းရေး ကောင်စီဘက်ကတော့သူတို့အပြစ်တိုင်း စီရင်တာဖြစ်တဲ့အတွက် အယူခံမ၀င်မ၀င် မသိသေး ဘူးလို့ အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ စောမင်းဝေက ပြောပါတယ်။

“ လူကြီးတွေ အကုန်လုံးတိုင်ပင်ပြီးတော့ အပြစ်ရှိတဲ့လူကို စီရင်ချက်ချ လိုက်တာ ဖြစ်ပါတယ်။ အယူခံဝင်တာမ၀င်တာကလူကြီးတွေအပိုင်းပေါ့နော်။ ဒါတွေကတော့ သတ်မှတ်တဲ့ ပြစ်ဒဏ်တွေ ချလိုက်တယ်လို့ သိပါတယ်ခင်ဗျာ။”

ဒီအမှု စီရင်ဖို့ ဖွဲ့စည်းထားတဲ့ အထူးခုံရုံးအဖွဲ့မှာ ကေအန်ယူအဖွဲ့က ၃ ဦး၊  ဒီကေဘီအေ ၂ ဦး၊ ငြိမ်းချမ်းရေးကောင်စီက ၂ ဦး၊ နယ်ခြားစောင့်တပ်က ၂ ဦးပါဝင်ပါတယ်။

သက်တော် ၆၈ နှစ် ၀ါတော် ၁၉ ၀ါရှိတဲ့  ဆရာတော် အရှင်ကုသလဟာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က သတ်ဖြတ်ခံရတာဖြစ်ပြီး ဒီအမှုဟာ ကရင်လက်နက်ကိုင် အဖွဲ့တွေပူးပေါင်းပြီး အထူးခုံရုံးဖွဲ စီရင်ချက်ချတဲ့ ပထမဆုံးအမှုလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013