DVB Logo
Home
မြန်မာသတင်း
စာရေးဆရာ ထင်လင်းဦးအမှု အပြီးသတ်ကြားနာစစ်ဆေး
DVB
·
May 19, 2015
စာရေးဆရာ ထင်လင်းဦးအမှု အပြီးသတ်ကြားနာစစ်ဆေး
1 / 2
Donate to DVB

သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲခံထားရတဲ့ စာရေးဆရာ ထင်လင်းဦး အမှုကို မေလ ၁၉ ရက်နေ့က ချောင်းဦးမြို့နယ် တရားရုံးမှာ  နှစ်ဖက်လျှောက်လွှဲချက်တွေ အပြီးသတ် ကြားနာ စစ်ဆေးပါတယ်။

Htin Lin Oo4စာရေးဆရာ ထင်လင်းဦးကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က)၊ တခြားသူများ ကိုးကွယ်ယုံကြည်ရာ ဘာသာကို ပုတ်ခတ် ပြောဆိုမှု ပုဒ်မ၂၉၈တို့နဲ့ ချောင်းဦးမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတာပါ။

နှစ်ဘက်လျှောက်လွဲချက်တွေကို အပြီးသတ်ကြားနာခဲ့ပြီးပြီဖြစ်လို့  လာမယ့် ဇွန်လ ၂ ရက်နေ့ ရုံးချိန်း မှာ အမိန့်ချမယ်လို့ရှေ့နေ  ဦးသိန်းသန်းဦးက ပြောပါတယ်။

စာရေးဆရာထင်လင်းဦးဟာ ဟောပြောပွဲတခုမှာ  သူ့ရဲ့ ဟောပြောချက်တွေနဲ့ ပက်သက်လို့  ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၅ ရက်နေ့က  ချောင်းဦးမြို့နယ်မှာ သံဃာတော်တွေကို အခမ်းအနားနဲ့  ၀န်ချတောင်းပန်ခဲ့ရာမှာ  သံဃာတော်တွေကလည်း ကျေနပ်ခွင့်လွှတ်ပြီးသားဖြစ်ပါတယ်။

ဒါပေမယ့် တရားခွင်ကိုလာတဲ့ သက်သေတွေထဲမှာ ယံဃာတော်တွေ မပါတဲ့အပေါ်မှာ  တရား လွှတ်တော် ရှေ့နေဦးသိန်းသန်းဦးက “သူပြောတဲ့ အပြောအဆို အသုံးအနှုန်းတွေ ပြင်းထန်ကောင်း ပြင်းထန်မယ်။ တမင် မသမာတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘူး။ စေတနာနဲ့ပြောတာမျိုး ရည်ရွယ်ချက်နဲ့ စော်ကားတယ်ဆိုတာ မပေါ်ပါဘူး။ အဓိကက အဲ့ဒါ ဘယ်သူသက်သေပြမလဲ ဘယ်သူမှ သက်သေမပေါ်ဘူး။ ဒီကိစ္စက သံဃာတော်တွေ စိတ်နှလုံးမသာလို့ လုပ်ရတယ်ဆိုပေမယ့် သံဃာမပြောနဲ့ ဖိုးသူတော်တောင် မပါဘူး။ သက်သေက မယ်သီလ လည်း မပါဘူး၊ ရသေ့လည်း မပါဘူး။  ဘယ်သူမှလဲ သက်သေမခံဘူး။ အဲ့တော့ ဒီဟာကြီးက သံဃာတော်တွေ မကျေနပ်ဘူးဆိုတာ ဟုတ်ရဲ့လားလို့ သံသယဖြစ်ဖွယ်ရှိ ပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြောပွဲမှာ  ဦးထင်လင်းဦးရဲ့ ဟောပြောချက်နဲ့ပတ်သက်လို့ သာသနာ ညိုးနွမ်းစေ တယ်ဆိုပြီး သူကို ဖမ်းဆီး စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

အခုဆို အမှုကို ၈ လကျော်ကြာ စစ်ဆေးခဲ့တာဖြစ်ပြီး ရုံးချိန်းပေါင်း ၁၉ ကြိမ်မြောက် ရှိသွားပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013