DVB Logo
Home
Lead Story
လိပ်ကျွန်းအမှု တရားခံ မြန်မာ ၂ ဦး လွတ်မြောက်နိုင် - ရှေ့နေ ဦးအောင်မျိုးသန့်
DVB
·
May 19, 2015
လိပ်ကျွန်းအမှု တရားခံ မြန်မာ ၂ ဦး လွတ်မြောက်နိုင် - ရှေ့နေ ဦးအောင်မျိုးသန့်
1 / 3
Donate to DVB

ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ အစားထိုးမရနိုင်တဲ့ သက်သေခံချက်တွေ ရှိစဉ်တုန်းက မှန်ကန်သေချာအောင် နည်းလမ်းတကျ မဆောင်ရွက်ခဲ့တာ ထင်ရှားတယ်လို့ မြန်မာသံရုံးအထူးအဖွဲ့က ရှေ့နေဦးအောင်မျိုးသန့်က ပြောဆိုပြီး တခြားလွတ်လပ်တဲ့ အထောက်အထားတွေ မရှိခဲ့ရင်တော့ တရားခံတွေကို အမှုကနေ လွှတ်ပေးဖို့သာရှိကြောင်း ပြောပါတယ်။

10389017_733448806732847_1025935690390815760_nစူရတ်ဌာနီခရိုင်က လိပ်ကျွန်းခေါ် ခိုတောင်ကျွန်းမှာ မနှစ် စက်တင်ဘာ ၁၅ ရက်နေ့က  ခရီးသွားအင်္ဂလိပ်လူမျိုး ၂ ဦး အသတ်ခံရတာနဲ့ပတ်သက်လို့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ကျူးလွန်တယ်ဆိုပြီး ထိုင်းရဲက တရားလိုလုပ်ပြီး စွဲဆိုခဲ့တာပါ။ လူသတ်မှု၊ မုဒိမ်းမှုအပါအ၀င် အမှု ၅ ခုနဲ့ စွဲဆိုပြီး တရားခံလူငယ် ၂ ဦးကို ကော့စမွီအကျဉ်းထောင်မှာ ချုပ်နှောင်ထားပါတယ်။

မြန်မာလူငယ်နှစ်ယောက်က ကနဦးပိုင်းမှာ ကျူးလွန်တယ်လို့ ရဲထံဖြောင့်ချက်ပေးခဲ့ကြပေမယ့် နောက်ပိုင်းမှာ သူတို့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အတွက် ကျူးလွန်တယ်လို့ ၀န်ခံရတာဖြစ်ကြောင်း ပြောင်းလဲထွက်ဆိုကြပြီး ဖြောင့်ချက်ကို တရားဝင် ပြန်ရုပ်သိမ်းထား ပါတယ်။

ဒီလူငယ်နှစ်ဦးအပေါ် စွပ်စွဲပြောဆိုချက်တွေနဲ့ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို လူမှုကွန်ရက်စာမျက်နှာ်တွေမှာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပါတယ်။

ဧပြီလ ၃၀ ရက်နေ့မှာတော့  ကနဦး ရယူထားတဲ့ DNA စစ်ဆေးချက်တွေကို ထိုင်းနိုင်ငံ မှုခင်းစစ်ဆေးရေး ပါရဂူ ဒေါက်တာ ပွန်သစ်ထံ ပေးပို့ပြီး လွတ်လွပ်လပ်လပ်ပြန်စစ်ဆေးဖို့

ကော့စမွေတရားရုံးတော်က အမိန့်ချခဲ့ပါတယ်။ ဒီအမှု နောက်ဆုံးဖြစ်ထွန်းမှုကို မြန်မာသံရုံးအထူးအဖွဲ့က ရှေ့ နေ ဦးအောင်မျိုးသန့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး) ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရပ်ဌာနီခရိုင်၊ ကော့တောင်ကျွန်းမှာ မနှစ်က ခရီးသွားအင်္ဂလိပ်လူမျိုး ၂ ဦး အသတ်ခံရတာနဲ့ပတ်သက်လို့ မြန်မာလူငယ်နှစ်ဦး တရားစွဲခံရတဲ့ အမှုမှာ နောက်ဆက်တွဲ  ထူးခြားဖြစ်စဉ်တွေရှိပါသလဲခင်ဗျာ။

ဖြေ) အဲဒီအမှုကတော့ လောလောဆယ်မှာ တရားရုံးက ၃၀ ရက် ၄ လ ၂၀၁၅ အမိန့်ချပြီးတဲ့နောက်ပိုင်းမှာ တရားရုံးမှာရှိတဲ့ ဒီအန်အေနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ဒေါက်တာပွန်ထစ်ဆီ ပို့ပေးပြီးတော့ ဒေါက်တာပွန်ထစ်က အဲဒါကို ဆက်လက်စစ်ဆေးဖို့ပါ။ အဲဒီလိုစစ်ဆေးတဲ့အခါမှာတော့ ဒေါက်တာပွန်ထစ်က နှစ်ဘက်အကျိုးဆောင်တွေကို အကြောင်းကြားပြီးတော့ ဆက်လက်ဆောင်ရွက်ပါ့မယ်လို့တော့ ကျနော်တို့ နောက်ဆုံး သိရပါတယ်။

ကျနော်တို့ကို သံအမတ်ကြီးက အခု အဖွဲ့တွေ ထပ်ဖွဲ့ထားပါတယ်။ ထပ်ဖွဲ့ပြီးတော့ အမြန်ဆုံး ထိုင်းရှေ့နေများကောင်စီနဲ့ အစည်းအဝေးလုပ်ဖို့ရှိပါတယ်။

မေး) ဒီအမှုကို ဆောင်ရွက်တဲ့ ဦးတို့အဖို့ လူပုဂ္ဂိုလ်ရေးအရဖြစ်ဖြစ်၊ စာနဲ့ဖြစ်ဖြစ် ဆက်သွယ်လို့ပဲဖြစ်ဖြစ် အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာမျိုး ရှိလား။

ဖြေ) ဒါတွေကတော့ ကြုံခဲ့ရတာ ကြာပါပြီခင်ဗျ။ နောက်ဆုံးပြောရရင် ထိုင်းလူမျိုးကတောင်မှ ကျနော်တို့ကိုပြောလို့ မှတ်တမ်းတင်ထားတာတွေရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က နိုင်ငံတော်က ပေးတဲ့တာဝန်ကို ဥပဒေအရ ဆောင်ရွက်တာလေ။ ကျနော်တို့ဘာမှ ဇွတ်ငြင်းတာတော့မဟုတ်ဘူး။ အဲဒီအကြောင်းပေါ်မူတည်ပြီးတော့ သူတို့ဘက်ကလည်း ဆောင်ရွက်ထားတဲ့လူတွေက ဥပဒေနားလည်တဲ့ အသိုင်းအ၀ိုင်းက လူတွေက ဆောင်ရွက်ထားတာ ဆိုတော့ နည်းနည်းတော့ ဒါလေးတွေရှိပါတယ်ခင်ဗျ။

0မေး) DNA စစ်ဆေးချက်ဟာ အလွန်ခိုင်မာတဲ့ အဖြေဖြစ်ပေမယ့် DNA Sample ရယူပုံနည်းလမ်းမကျခဲ့ရင် - ရယူတဲ့နေရာမှာ မသမာမှုတွေကို ပြုလုပ်ဖို့ အခွင့်အလမ်းတွေ ရှိနေမယ်ဆိုရင် အဲဒီစစ်ဆေးချက်အဖြေရဲ့ သက်သေခံချက်တန်ဖိုးဟာ သုည(သုည)ပါပဲ” လို့ ဦးအောင်မျိုးသန့်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးထားပါတယ်။ ဒီအချက်နဲ့ပတ်သက်လို့ အမှုအလားအလာကို သုံးသပ်ပြပါလား။

ဖြေ) ကျနော်တို့ အမှုတခုမှာ အထူးသဖြင့် ဒီလိုသေဒဏ်ထိုက်တဲ့အမှုတွေမှာဆိုရင် ကျနော်တို့က စပြီးတော့ အမှုကိုစွဲဆိုမယ်ဆိုပြီးတော့ အမှုစစ်တွေအဖွဲ့လိုက်ကိုက အမှုကို အစအဆုံး သေချာစွာ ပြုမူဆောင်ရွက်ပြီးတော့ သက်သေခံအထောက်အထား၊ စာရွက်စာတမ်း အထောက်အထား၊ မျက်မြင်သက်သေအထောက်အထားတွေနဲ့ တင်ခဲ့ရတာပါ။ အခုဟာက သက်သေခံဥပဒေပုဒ်မ ၁၀၁၊ ၁၀၂၊ ၁၀၃ တွေကတော့ တရားလိုဖြစ်တဲ့လူက တရားခံ ဖြစ်တဲ့လူကို အပြစ်ရှိပါတယ်လို့ ပြောချင်ရင် ပြောချင်တဲ့ တရားလိုကိုယ်တိုင်က ခိုင်လုံစွာ တရားရုံးကို တင်ပြရမှာပါ။ အခုဟာက ဖြစ်ခဲ့တဲ့အကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ အဓိကက ဘာလဲဆိုတော့ အမှုတခုလုံးမှာ မျက်မြင်သက်သေမရှိတော့ ဒီအန်အေကို အားကိုးပြီးတော့ ကျနော်တို့ကလေးတွေကို အပြစ်ပေးဖို့လုပ်နေတာပါ။ အဲဒီအခါမှာ ကလေးတွေကို အပြစ်ပေးဖို့ဆိုတဲ့ ဒီအန်အေကို ကြည့်တဲ့အခါမှာ ဒီအန်အေ စယူတဲ့အချိန်က တရားလိုဘက်က ပြုလုပ်ရမယ့် လုပ်ထုံးလုပ်နည်း လွဲခဲ့ပါတယ်။ အခုအချိန်မှ  ဒီ ဒီအန်အေကို မသေချာလည်း ပြန်စစ်ပါလို့ ပြောရင် အရင်တုန်းက လူသေသွားပြီ၊ နောက် သွေးတွေကို ရေတက်ရေကျနဲ့ဆေးပြီ၊ လေတိုက်နှုန်းတွေ၊ ရေတက်ရေကျရှိတဲ့အနေအထားတွေနဲ့ ရှိတဲ့အနေအထားတွေက ဘယ်လိုမှ ပြန်စစ်လို့ မရတော့ပါဘူး။ ဒါ အစားထိုးမရတဲ့ သက်သေခံချက်တွေပါ။ အဲဒီတော့ ဒီအချက်တွေကို ပြန်စစ်ဖို့ မဖြစ်နိုင်လို့ရှိရင် ဒီ စစ်ဆေးစဉ်က မှားတယ်ဆိုတဲ့ မှားကွက်ကြောင့်၊ တရားလိုရဲ့အားနည်းချက်ကြောင့် တရားခံကို အပြစ်ပေးဖို့ဟာ ပိုပြီးတော့ ကင်းဝေးသွားမယ်လို့ ကျနော်ယူဆပါတယ်။ ဒါကြောင့်မို့လို့လည်း သက်သေခံဥပဒေပုဒ်မ ၁၀၁၊ ၁၀၂၊ ၁၀၃ တွေဟာ တရားစွဲဆိုတဲ့သူသည် တရားခံ အပြစ်ပေးနိုင်လောက်အောင် ခိုင်လုံတဲ့အထောက်အထားတွေနဲ့ စကတည်းက ပြည့်စုံအောင် တင်ရမှာပါ။ အဲဒီအချက် ပျက်ကွက်ခဲ့လို့ရှိရင် တရားခံဟာ အလိုလိုနေရင်းနဲ့ အပြစ် ကင်းစင်တယ်လို့ ကျနော် ပြောဆိုတာပါ။

မေး) တရားခံစွပ်စွဲခံရတဲ့ မောင်ဝင်းဇော်ထွန်းဖခင် ဦးထွန်းထွန်းထိုက် ကွယ်လွန်တာကို သူ့သား သိသွားပြီလား။

ဖြေ) ဟုတ်ကဲ့။ ကလေးတွေသိပြီးတော့ အကျဉ်းဦးစီးထဲမှာပဲ သင့်တော်တဲ့ ကုသိုလ်ကောင်းမှု ပြုပါတယ်ခင်ဗျ။

မေး) နောက်တချိန်ရုံးချိန်းက ဘယ်တော့လဲ။

ဖြေ) အရင်ချိန်းတဲ့အတိုင်းပဲလို့ တရားရုံးက ပြောပါတယ်။ အရင်ချိန်းတာက ခုနှစ်လပိုင်း ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်ကစပါတယ်။ စတဲ့အခါမှာ တခါချိန်းရင် ၃ ရက်၊ ၄ ရက် ဆက်တိုက်စစ်မယ့်သဘောပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013