
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်ရှီးပြည်နယ်မှာ ဇွန် ၁၁ ရက် အစောပိုင်းက လူ ၇ ယောက် ထက်မနည်း သေဆုံးခဲ့တဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲကို မျက်မြင်သက်သေတွေ ရိုက်ကူးထားတဲ့ ရုပ်သံက ပြသခဲ့ပါတယ်။
ဇွန် ၁၁ ရက် မနက်အစောပိုင်းမှာ လင်းရှန်းလမ်းမက ပေါက်ကွဲမှုတခုမှာ လူ ၇ ယောက် သေဆုံးပြီး ၁၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရှင်းအန်းမြို့နယ် ရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန် အတည်ပြုခဲ့ပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်းပြဿနာတွေကို အကြောင်းရင်းအဖြစ်ကနေ ပယ်ချပြီးတဲ့နောက် စုံစမ်း စစ်ဆေးနေတယ်လို့ အာဏာပိုင်တွေရဲ့ သတိပေးချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီပေါက်ကွဲမှုကြောင့် လူ ၁၇ ယောက်လည်း ဒဏ်ရာရခဲ့ပြီး ဆေးရုံကို ပို့ထားခဲ့တယ်လို့ သတိပေးချက်ထဲမှာ ဖော်ပြထားပြီး ဒဏ်ရာရသူတွေမှာ အသက်အန္တရာယ်မရှိဘူးလို့လည်း ထပ်လောင်း ဖော်ပြထားပါတယ်။
Source: Reuters










