DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံဘက် ကျည်ဆန်ကျရောက်မှု မြန်မာကာကွယ်ရေးဦးစီးချုပ်ငြင်းဆန်
DVB
·
May 19, 2015
တရုတ်နိုင်ငံဘက် ကျည်ဆန်ကျရောက်မှု မြန်မာကာကွယ်ရေးဦးစီးချုပ်ငြင်းဆန်
1 / 2
Donate to DVB

တရုတ်နိုင်ငံဘက်ကို  မြန်မာဘက်က လက်နက်ကြီး ကျည်တွေ ကျရောက်တာဟာ တပ်မတော် စစ်ကြောင်းတွေရဲ့ ပစ်ခတ်မှုလုံးဝမဖြစ်နိုင်ဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ငြင်းဆိုလိုက်ပါတယ်။

မေလ ၁၄ ရက်နဲ့ ၁၅ ရက်က  တရုတ်နိုင်ငံဘက်ခြမ်း နမ်စန်မြို့အတွင်း အမြောက် ကျည်ဆန်တွေ ကျရောက်ပေါက်ကွဲမှုနဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံဆိုင်ရာ  တရုတ်နိုင်ငံ သံအမတ်ကြီး ယန်ဟိုလန် နဲ့ နေပြည်တော်မှာ မေလ ၁၈ ရက်နေ့က တွေ့ဆုံ ပြောကြားလိုက်တာပါ။

[caption id="attachment_93652" align="alignright" width="400"]ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးစီးချုပ်ရုံး ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးစီးချုပ်ရုံး[/caption]

မြန်မာ ကာကွယ်ရေးဦးစီးချုပ်က  “ရန်သူ့တောင် ကုန်း၏ အနေအထား၊ မိမိတပ်များ၏ တိုက်ခိုက်မှု အရပ်မျက်နှာအနေအထား၊ လက်နက်ကြီး ပစ်ခတ်မှုလမ်းကြောင်း အခြေအနေ နှင့် အကွာအဝေးတို့အရ အဆွေတော်မှ အသိပေး အကြောင်းကြား လာ သည့် နမ်စန်မြို့တွင်းသို့ ကျည်ကျရောက်မှုမှာ မိမိတပ်မတော်စစ်ကြောင်းများ၏ ပစ်ခတ်မှု လုံးဝမဖြစ်နိုင်ပါကြောင်း၊ MNDAA သောင်းကျန်းသူများက နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေး ထိခိုက် စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်နိုင်ပါကြောင်း” ပြောတယ်လို့  ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်း ထုတ်ပြန်ချ က်မှာဖော်ပြပါတယ်။

ဒါ့ပြင်  ကျည်ဆန်တွေကျရာနေရာတွေကို  နှစ်ဘက်ကိုယ်စားလှယ်တွေ စစ်ဆေးဖို့ သဘောတူတဲ့အကြောင်း၊ ကျည်ကျော်ကျရောက်မှုထပ်မဖြစ်အောင်ဆောင်ရွက်ပေးမယ့် အကြောင်းနဲ့ ဆုတ်ခွာသွားတဲ့ ကိုးကန့်တပ်တွေ တရုတ်နိုင်ငံတွင်း ဖြတ်သန်းသွားလာမှု မရှိစေရေး ကြပ်မတ်ပေးဖို့လည်း မြန်မာကာကွယ်ရေး ဦးစီးချုပ်ကပြောပါတယ်။

တရုတ်သံအမတ်ကြီးဘက် ကတော့ နှစ်နိုင်ငံ ဆက်ဆံရေးကို မထိခိုက်စေလိုကြောင်း၊ နယ်စပ်အမြန်တည်ငြိမ်အေးချမ်းလိုကြောင်းနဲ့  နောက်ထပ် ကျည်ကျရောက်မှု မဖြစ်ပွားစေရေး ထိန်းသိမ်းပေးစေလိုကြောင်း ပြန်လည်ပြောကြားပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ မစ္စဟွာချွမ်းရင်ကတော့  တရုတ်ဘ က်ကို အမြောက်ကျည်ကျမှုနဲ့ပတ်သက်ပြီး  မြန်မာဘက်က အမြောက်ဆံတွေ တရုတ် ပိုင်နက် အတွင်း အကြိမ်ကြိမ် ကျရောက်ခဲ့ပြီး တရုတ်လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ပြင်းထန်စွာ ထိခိုက်ကြောင်းနဲ့ တရုတ် နိုင်ငံ အနေနဲ့ ဒီကိစ္စ အထူး မကျေနပ်တဲ့အကြောင်းနဲ့  ၊ ထိရောက်တဲ့  ဆောက်ရွက်မှုတွေ လုပ်ပေးရန်  မေလ ၁၅ ရက်နေ့က ဘေဂျင်းမှာ ကျင်းပတဲ့ ပုံမုန်သတင်း စာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဘက်သို့ ပြင်းပြင်းထန်ထန် သတိပေးပြောကြားခဲ့ပါတယ်။

မေ ၁၄ ရက်က တရုတ်နယ်မြေထဲ လက်နက်တွေကျလို့  တရုတ်ဒေသခံ ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦး စုစုပေါင်း အရပ်သား ၅ ဦး  ဒဏ်ရာရပြီး  ကား ၃ စီးနဲ့ လူနေအိမ် ၄ လုံး ပျက်စီးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013