DVB Logo
Home
မြန်မာသတင်း
လှေစီးဒုက္ခသည်များထဲတွင် မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေပြနိုင်လျှင် ပြန်ခေါ်မည်
DVB
·
May 19, 2015
လှေစီးဒုက္ခသည်များထဲတွင် မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေပြနိုင်လျှင် ပြန်ခေါ်မည်
Donate to DVB

အရှေ့တောင်အာရှ ဒေသတွင်းမှာ ပြဿနာတရပ်လို ဖြစ်လာနေတဲ့ လှေစီးဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံက လာတယ်လို့ အထောက်အထား ပြနိုင်ရင် စိစစ်ပြီး ပြန်လည်ခေါ်ယူမယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောဆိုလိုက်ပါတယ်။

အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ နိုင်ငံတကာ သံတမန်တွေ ၂ လတကြိမ် တွေ့ဆုံတဲ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ မေလ ၁၈ ရက်နေ့က ပြုလုပ်တုန်းမှာ ပြောဆိုလိုက်တာပါ။

သံတမန်တွေက လက်ရှိ နိုင်ငံရေး အခြေအနေ၊ အပစ်ခတ်ရပ်စဲရေး၊ ယာယီ သက်သေခံ လက်မှတ် ကိစ္စနဲ့ ဒေသတွင်းမှာ ပြဿ  နာ ဖြစ်နေတဲ့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား ကမ်းလွန် ပင်လယ်ပြင်မှာ ဒုက္ခရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာတို့အရေးကို မေးမြန်းခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ လှေစီးဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် မဟုတ်ဘဲ လူကုန်ကူးမှု ပြဿ    နာတွေရဲ့ အကျိုးဆက်သာ ဖြစ်တယ်လို့ ပြောပါတယ်။

လှေစီးဒုက္ခသည်တွေ အရေးနဲ့ပက်သက်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုကို နားလည်ပြီး မြန်မာနိုင်ငံအပေါ် အပြစ်ပုံချနေမယ့်အစား ဒေသတွင်းနိုင်ငံတွေ ၀ိုင်းဝန်းအဖြေရှာဖို့ လိုအပ်ကြောင်း ဦးရဲထွဋ်က ပြောဆိုသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013