DVB Logo
Home
မြန်မာသတင်း
မိုဘိုင်းဖုန်းသုံးစွဲသူတိုင်း ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းပေးဆောင်ရမည်
DVB
·
May 18, 2015
မိုဘိုင်းဖုန်းသုံးစွဲသူတိုင်း ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းပေးဆောင်ရမည်
Donate to DVB

မြန်မာပြည်ရဲ့ အဓိက မိုဘိုင်းဖုန်း အော်ပရေတာလုပ်ငန်း ၃ ခုဖြစ်တဲ့ အမ်ပီတီ၊ တယ်လီနော်နဲ့ အော်ရီဒူး ကုမ္ပဏီတွေက ဆင်းမ်ကတ်ဝယ်ယူ ငွေဖြည့်သုံးစွဲသူတွေထံက ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကို ဇွန်လ ၁ ရက်နေ့ စကောက်ခံ သွားမယ်လို့ အစိုးရက ဒီကနေ့ ကြေညာပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အသစ်ပြင်ဆင်ပြဌာန်းလိုက်တဲ့ ၂ဝ၁၅/၂ဝ၁၆ ပြည်ထောင်စု အခွန်ဥပဒေသစ်အရ ခုလို ဖုန်းသုံးစွဲသူတွေထံက ကောက်ခံတာဖြစ်ပြီး အော်ပရေတာတွေအနေနဲ့လည်း သုံးစွဲသူတွေလိုပဲ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို အစိုးရ ထံပေးဆောင်ရမှာဖြစ်ပါတယ်။

အခွန်သစ်ကောက်ခံရခြင်းနဲ့ ပတ်သက်ပြီး မေလ ၁၈ ရက်က နေပြည်တော် ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က “ကုန်သွယ်ခွန် Commercial Tax ဆိုတာကတော့ နိုင်ငံတော်အတွက် လိုအပ်တဲ့ ဘဏ္ဍာငွေတွေ ရရှိဖို့အတွက် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ကောက်ခံတာဖြစ်ပါတယ်။ ဒီကရရှိတဲ့ ဘဏ္ဍာငွေတွေကို နိုင်ငံတော်ရဲ့ လိုအပ်တဲ့ ကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကို လုပ်နိုင်ဖို့အတွက် အသုံးပြုရတာ ဖြစ်ပါတယ်”လို့ပြောပါတယ်။

သုံးစွဲသူတွေ ပေးဆောင်ရမယ့် ကျသင့်နှုန်းထားသစ်တွေကိုတော့ ကုမ္ပဏီတွေရဲ့ အင်တာ နက်စာမျက်နှာ ၀က်ဆိုက်နဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွေမှာ ထုတ်ပြန်ထားသလို သုံးစွဲသူ တွေရဲ့ မိုဘိုင်းဖုန်းတွေဆီကို လည်း သတင်းတို မတ်ဆေ့ခ်ျတွေပေးပို့ထားပါတယ်။

သုံးစွဲသူတွေကို ၀န်ဆောင်မှုပေးနေတဲ့ အော်ရီဒူးကုမ္ပဏီ ဆက်သွယ်ရေးဌာန ၀န်ထမ်းတဦးက “မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘယ်ဖုန်းကိုပဲသုံးသုံး ၃ ခုစလုံးမှာ အကုန်လုံးက ငွေဖြည့်မယ်ဆိုရင် ငွေဖြည့်တဲ့ ပမာဏရဲ့ ၅ ရာခိုင်နှုန်းကို အစိုးရကို အခွန်အခ အနေနဲ့ ပေးရမှာ ၁ထောင်ကျပ်ဖြည့်မယ်ဆိုရင် သုံးစွဲသူက ၉၅၂ ကျပ်သုံးရပြီးတော့ ၄၈ ကျပ်ကို အခွန်အဖြစ်ပေးရမယ်၊ ၃၀၀၀ ကျပ်ဖြည့်မယ်ဆိုရင် ၂၈၅၇ ကျပ်ကို သုံးရပြီး ၁၄၃ ကျပ်ကို အခွန်အဖြစ်ပေးရမယ်အဲလိုမျိုး ဒီဥစ္စာက မဖြစ်မနေပေါ့။ ဥပဒေက သတ်မှတ်ပေးတာ ဖြစ်တဲ့အတွက် မဖြစ်မနေ ကောက်ခံရမှာပါ မေ ၃၁ ရက်အထိကတော့ ပုံမှန်အတိုင်းပဲ သုံးစွဲလို့ရမယ် ဇွန်၁ ရက်နေ့ကစပြီးနောက်ပိုင်း ငွေဖြည့်တဲ့ပမာဏရဲ့ ၅ ရာခိုင်နှုန်းကို အစိုးရကို အခွန်အဖြစ်ပေးရမှာပါ”လို့ ပြောပါတယ်။

ခုလိုအခွန်ပေးထပ်ပေးဆောင်ရတာနဲ့ ပတ်သက်ပြီး ငွေဖြည့်ကတ် ၀ယ်ယူ သုံးစွဲသူတွေအကြား ကျေနပ်သူတွေရှိသလို မကျေနပ်တဲ့ သူလည်းရှိနေပြီး ဖေ့စ်ဘတ်လူမှုကွန်ရက်တွေကနေ ဝေဖန်ရေးသားမှုတွေလည်း အများအပြား ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသုံးသူအရေအတွက်ဟာ နိုင်ငံခြားအော်ပရေတာတွေ ၀င်ရောက် လုပ်ကိုင်ခွင့်မရခင် ၂၀၁၃ ခုနှစ်မတ်လက ၄ ဒသမ ၄ သန်းရှိခဲ့ရာက ၂၀၁၅ မတ်လကုန်မှာ မိုဘိုင်းဖုန်းသုံးသူ ၁၈ ဒသမ ၁ သန်းထိ ရှိလာတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန် ပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)ဟာ ဈေကွက်ပမာဏ အများဆုံး ဆက်ရှိနေပေမယ့် ၂၀၁၅ ဇန်န၀ါရီမှာ သုံးစွဲသူ ၁၁သန်းရှိရာက မတ်လကုန်မှာ ၈ ဒသမ ၄ သန်းအထိ ကျဆင်းသွားပြီး တယ်လီနော်ကတော့ သုံးစွဲသူ လက်ရှိ ၆ ဒသမ ၄ သန်းအထိရှိလာပြီလို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013