DVB Logo
Home
မြန်မာသတင်း
အခိုးခံရသော ၄ နှစ်ရွယ် မြန်မာမိန်းကလေး အ၀တ်အစားဗလာဖြင့် ပြန်တွေ့
DVB
·
May 18, 2015
အခိုးခံရသော ၄ နှစ်ရွယ် မြန်မာမိန်းကလေး အ၀တ်အစားဗလာဖြင့် ပြန်တွေ့
1 / 3
Donate to DVB

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပျောက်ဆုံးသွာတဲ့ ၄ နှစ်ရွယ် မြန်မာမိန်းကလေးငယ်တစ်ဦးကို အ၀တ်အစားဗလာနဲ့ ပြန်တွေ့ပြီလို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

558000005746603ကလေးပျောက်ကြောင်း မိခင်ဖြစ်သူက တိုင်ချက်ဖွင့်ထားပြီး ရဲတပ်ဖွဲ့က ရှာမတွေ့သေးခင် မေလ ၁၅ ရက်နေ့ မနက်ခင်းက ကန်ကျနပူရီ နဲ့ မခမ်တေ့ကျေးရွာကြား လမုတောစပ်မှာ အ၀တ်မပါဘဲ ငိုကြွေးနေတဲ့ ကလေးကို တပ်ကြပ်ကြီးတစ်ဦးက အလုပ်သွားရင်း တွေ့ရှိပြီး ကယ်တင်ခဲ့တာလို့ ကန်ကျနပူရီခရိုင် အထူးစုံစမ်းစစ်ဆေးရေး ရဲအရာရှိ ရဲမှူး ဆုခွန်းရတ်ဆ်အိမ့် က သတင်းထောက်ကို ပြောပါတယ်။

ကလေးငယ်ကို စတွေ့စဉ်က အခိုးခံရတဲ့ကလေးမှန်းမသိဘဲ လမ်းဘေးမှာ အ၀တ်မပါ ငိုကြွေးရင်း လျှောက်သွားနေပြီး အဲဒီလမ်းပေါ်မှာ အဝေးပြေးကားတွေ အမြန်မောင်းနေကြတဲ့ အတွက် မတော်တဆကားတိုက်မိမှာစိုးလို့ ဆင်းကယ်ခဲ့ကြောင်း၊ ကလေးကိုလည်း သူ့ကားပေါ်ပါလာတဲ့ မြေးရဲ့အ၀တ်နဲ့ ၀တ်ဆင်ပေးပြီး ရဲစခန်းကို ဆက်သွယ်ခဲ့တာလို့ ထိုင်းတပ်ကြပ်ကြီးက ပြောပါတယ်။

558000005746601အထူးစုံစမ်းရေး ရဲတပ်ဖွဲ့က မိန်းကလေးငယ်ကို လိုအပ်တဲ့ဆေးစစ်ချက်တွေ လုပ်ဆောင်ခဲ့သလို အဲဒီတောစပ်တလျှောက် စစ်ဆေးရှာဖွေရာမှာ မိန်းကလေးဝတ်ဆင်သွားတဲ့ အနီရောင်အကျီင်္ နဲ့ အ၀ါရောင်ဘောင်းဘီ ပစ်ထားတာ တွေ့ရကြောင်း၊ ကလေးငယ်ရဲ့ ဘောင်းဘီမှာ အမျိုးသား တန်ဆာမှ အမွေးအမျှင် ကပ်တွယ်နေတဲ့အတွက် တရားခံကို ဖမ်းမိဖို့ ဒီအန်အေ စစ်ဆေးမှုပြုနေကြောင်း၊ မိန်းကလေးရဲ့ ဆေးစစ်ချက်မှာ မုဒိမ်းကျင့်ခံရတာ မရှိတဲ့အတွက် တရားခံဟာ ပြုကျင့်ဖို့ကြံရွယ်ပေမယ့် အထမမြောက်လို့ ကလေးကို ပစ်သွားဟန်တူကြောင်း၊ ကလေးငယ်မှာ အကြမ်းဖက်မှု မခံရတာ အင်မတန်ကံကောင်းတယ်လို့ ခရိုင်ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ညက ကန်ကျနပူရီခရိုင် ထောင်းဖာဖူးမြို့နယ်မှာ နေထိုင်သူ မြန်မာအလုပ်သမား မထွေးထွေး (၃၃ နှစ်)ဟာ မတော်တဆထိခိုက်မှုကြောင့် ဖဟွန်ဖယုဟဆေနားဆေးရုံရောက်နေတဲ့ ဆွေမျိုးတစ်ဦးကို လာစောင့်ရင်း အဲဒီညက လူနာစောင့်တည်းခိုဆောင်မှာ သားသမီး ၃ ဦးနဲ့ အတူ အိပ်စက်နေကြောင်း၊ တရေးနိုးတဲ့အခါ ဘေးမှာ အိပ်နေတဲ့သမီး ပျောက်ဆုံးသွားတဲ့အတွက် ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်ကင်မရာ စစ်ဆေးတွေ့ရှိချက်အရ တရားခံမှာ အသက် ၂၅ မှ ၃၀ ၀န်းကျင် လူရွယ်တဦးဖြစ်ပြီး အင်္ကျီမီးခိုးရောင်အင်္ကျီနဲ့ ဘောင်းဘီတို ၀တ်ဆင်ထားကြောင်း၊ ဒါပေမယ့် မှောင်နေတဲ့အတွက် မျက်နှာကို မမြင်ရသလို ထွက်သွားတဲ့လားရာကိုလည်း မတွေရကြောင်း၊ စစ်ဆေးမေးမြန်းချက်အရ တရားခံဟာ အဲဒီမတိုင်ခင် လူနာစောင့် ခုံတန်းလျားမှာ မထွေးထွေးနဲ့ နာရီဝက်ထိုင် စကားပြောခဲ့တယ်လို့ သက်သေတွေက ပြောတဲ့ အတွက် တရားခံရဲ့ရုပ်ကို မှန်းဆရေးဆွဲပြီး အမြန်ဆုံး ဖမ်းမိနိုင်အောင် ကြိုးစားနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီအမှုဖြစ်ပြီးတဲ့နောက် ခရိုင်ကျန်းမာရေးဌာနက ခရိုင်ထဲမှာရှိတဲ့ အစိုးရဆေးရုံရော၊ ပုဂ္ဂလိက ဆေးရုံပါ အားလုံးကို အရေးပေါ် အစည်းအဝေး တရပ်ခေါ်ယူပြီး မိမိဆေးရုံ လုံခြုံရေးအတွက် တိုးမြှင့်ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ကြောင်း မန်နေဂျာအွန်လိုင်းမှာ ဖော်ပြသွားပါတယ်။

 

ဓာတ်ပုံ - manager online

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013