DVB Logo
Home
ရွေးကောက်ပွဲ
နိုင်ငံရေးပါတီတချို့၏ ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ထားရှိသည့် အရည်အချင်းများ
DVB
·
May 18, 2015
နိုင်ငံရေးပါတီတချို့၏ ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ထားရှိသည့် အရည်အချင်းများ
Donate to DVB

နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီကိုယ်စားလှယ်လောင်းတွေကို စတင်ရွေးချယ်နေပြီဖြစ်ပါတယ်။ နိုင်ငံရေးပါတီတချို့ရဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ထားရှိတဲ့ အရည်အချင်း သတ်မှတ်ချက် အချို့ကို စုစည်းတင်ပြလိုက်ပါတယ်။

ဦးအောင်မိုးဇော် (ဥက္ကဋ္ဌ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
ကျနော်တို့အနေနဲ့ စံထားတာကတော့ လက်ရှိရေးလှုပ်ရှားမှုတွေမှာ ဘယ်လောက်ထိ commitment ရှိရှိ လှုပ်ရှားဆောင်ရွက်နေသလဲဆိုတဲ့ စံအပေါ်မှာပဲကြည့်ပြီးတော့ ရွေးကောက်ပွဲနဲ့ပတ်သတ်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ရှာဖွေသွားမယ် ရွေးချယ်သွားမယ် ဆိုတဲ့ အချက်ကို ပြောချင်ပါတယ်။

ဦးထွန်းထွန်းဟိန် (ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲတုန်းကတော့ အစီစဉ်လုပ်ထားတာလေးတွေရှိပါတယ်။ ဒီ၂၀၁၅ ပြန်ပြီးရွေးတဲ့အခါမှာလည်း သိပ်ပြီးတော့ ကွာဖွယ်ရာ မရှိပါဘူး။ ၂၀၁၄ မှာဆိုရင်တော့ ပြည်သူက လက်ခံနိုင်မယ့် ကိုယ်စားလှယ်လောင်းရရှိရေးကို အဓိက ထားပါတယ်။ ဒီလို အဓိက ထားတဲ့နေရာမှာ အရည်အချင်းချင်းတူခဲ့ရင် အမျိုးသမီးဖြစ်ခြင်း၊ လူငယ်ဖြစ်ခြင်း၊ တိုင်းရင်းသား ဖြစ်ချင်း၊ ပညာတတ်ခြင်း တို့ကို ပိုပြီး ဦးစားပေးမယ်လို့ ဆုံးဖြတ်ထားတာ ရှိပါတယ်။

ဦးထွန်းအောင်ကျော် (ဥက္ကဋ္ဌ၊ ခေတ်သစ်ပြည်သူ့ပါတီ)
အနိမ့်ဆုံး ၈ တန်းအောင်ရမယ်။ အနိမ့်ဆုံးကို ပြောတာပေါ့။ နောက်တခုက ပါတီအတွက် စွန့်လွှတ်စွန့်စား တာဝန်ထမ်းဆောင်နိုင်ရမယ်။ နောက်ပါတီအပေါ် သစ္စာရှိရမယ်။ ကျန်းမာရေး ကောင်းမွန်ပြီး အကျင့်စာရိတ္တကောင်းမွန်ရမယ်။ ပါတီဝင်အများစု ထောက်ခံသူကို ဦးစားပေး ရမယ်။ နောက်ပြည်သူ့အကျိုးကို အဆောင်ရွက်နိုင်ဆုံး ပြည်သူကို ရှေ့ဆောင်နိုင်စွမ်းရှိ ရမယ်။

ဦးကျော်စွာစိုး (ဥက္ကဋ္ဌ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ)
ကိုယ်စားလှယ်လောင်းအရည်အချင်းတွေက ဘာလဲဆိုတော့ နံပါတ် ၁ က မျိုးချစ်စိတ်ရှိရမယ်။ နံပါတ် ၂ ဆင်းရဲသား တောင်သူလယ်သမားအပေါ်မှာ ကိုယ်ချင်းစာစိတ်နဲ့ စာနာစိတ်ရှိရမယ်။ နံပါတ် ၃ စာရိတ္တကောင်းရမယ်။ နံပတ်လေး စိတ်ရင်းနှလုံးသားကောင်းရမယ်။ ပညာဘယ်လောက်တတ် စိတ်ရင်းနှလုံးသားမကောင်းရင် တိုင်းပြည်အတွက် တန်ဖိုးမရှိပါဘူး။

ဦးဌေးဦး (ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
လူရွေးရတဲ့အချိန်ကျတော့ ဒီနေရာမှာ လူကို သဘောကျသလား။ သူ့ရဲ့အကျင့်စာရိတ္တ ကောင်းရဲ့လား။ သူ့အနေနဲ့ လူမှုရေးစိတ်ဓာတ် တကယ်ရှိရဲ့လား။ နောက်တခါ ပြည်သူတွေ နဲ့ရော ထဲထဲဝင်ဝင်ရှိရဲ့လား။ ဆက်ဆံရေးရော ကောင်းရဲ့လားဆိုတဲ့ အချက်တွေပေါ် မူတည်ပြီးတော့ လုပ်ရပါတယ်။ အဲ့တော့ဒီလို လူရွေးတဲ့အချိန်ကြတော့ ပါတီတိုင်း ပါတီတိုင်းက ဘယ်နေရာမှာ ဘယ်သူ့ကိုရွေးမယ်ဆိုတာ တာဝန်ပေးရတာကြီးပဲ။

ဦးယောသပ် (ဥက္ကဋ္ဌ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ)
ကျနော်တို့ ရွေးချယ်တာကြတော့ ဒေသခံကို ဦးစားပေးပါတယ်။ ဥပမာ မက်မန်းဆိုရင် မက်မန်းမြို့ ထဲမှာရှိတဲ့ ကိုယ့်လူမျိုးအတွက် အလုပ်လုပ်နိုင်မယ့်သူကို ကိုယ့်မြို့နယ်ထဲမှာ ရွေးကောက် တင်မြှောက်ပေးပါ။ ကျနော်တို့က အတည်ပြုပေးမယ်။ ထို့နည်းတူပဲ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆတ်မြို့နယ်တိုင်းပေါ့ ကိုယ့်မြို့နယ်ကလူကို ရွေးကောက်တင်မြှောက်ပေးဖို့အတွက် ကျနော်တို့ ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013