DVB Logo
Home
Lead Story
လက်စောင်းထက်နေတဲ့ မြောက်ကိုရီးယားအာဏာရှင် (ဆောင်းပါး)
DVB
·
May 18, 2015
လက်စောင်းထက်နေတဲ့ မြောက်ကိုရီးယားအာဏာရှင် (ဆောင်းပါး)
Donate to DVB

ကျနော်တို့ လေ့လာ ဖတ်ရှုခဲ့ရတဲ့ မြောက်ကိုရီးယားတော်လှန်ရေး ခေါင်းဆောင်ကြီး ကင်အီဆွန်းရဲ့သမိုင်းနဲ့ သူ့ရဲ့တော်လှန်ရေးအတွေးအခေါ်တွေ ကိုယ်ကျိုးစွန့်အနစ်နာခံမှုတွေ မြောက်ကိုရီးယားပြည်သူတွေ လွတ်မြာက်ရေးအတွက် တော်လှန်ရေးလုပ်ခဲ့တာတွေကို ပြန်ပြီး အမှတ်ရနေမိပါသေးတယ်။

ဒါပေမယ့်သူသား ကင်ဂျုံအီလက်ထက် မြောက်ကိုရီးယားနိုင်ငံရဲ့ အခြေအနေကို တွေ့ရတော့ အများကြီး စိတ်မကောင်းဖြစ်ရပြန်တယ်။ တတိုင်းပြည်လုံးက ပြည်သူတွေကို လုံးဝ မျက်စေ့ပိတ်နားပိတ်ထားပြီး ကိုရီးယား မျိုးချစ်သတင်းတွေ၊ သီချင်းတွေနဲ့ ကိုရီးယား အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးအတွေးအခေါ်တွေကိုပဲ သွတ်သွင်းပေးခဲ့ပြီး လူ ဆိုတဲ့ သက်ရှိတွေရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်တွေ၊ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ကန့်သတ်ထိမ်းချုပ် ပိတ်ပင်ထားခဲ့တာတွေကို နိုင်ငံတကာသတင်းမီဒီယာတွေမှာ နေ့စဉ်နဲ့အမျှ ဖတ်နေကြည့် နေရပါတယ်။

မြောက်ကိုရီးယားဟာ ကွန်မြူနစ်နိုင်ငံပါ။ ကွန်မြူနစ်တွေရဲ့ အတွေးအခေါ်ကိုလည်း သူတို့ရဲ့ အတွေးအခေါ်ဆိုင်ရာ သဘောတရားကျမ်းတွေမှာ အတိအလင်း ဖတ်ရှုနိုင်ကြပါတယ်။ သူတို့မှာ မျိုးရိုးစဉ်ဆက် ပဒေသရာဇ်တွေလို အာဏာ လက်ဆင့်ကမ်းတာမျိုးတွေကို လက်ခံတဲ့ အတွေးအခေါ် မရှိကြပါဘူး။ ပြည်သူလူထုက တကယ်လက်ခံ ရွေးချယ်တဲ့ လူကိုပဲ သူတို့ရဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်ကြတာဟာ ပြည်သူ့ဒီမိုကရေစီဆိုတဲ့ ကွန်မြူနစ် ဒီမိုကရေစီ ဖြစ်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားကတော့ ခေါင်းဆောင်ကြီးကင်အီဆွန်းနောက် သူ့ရဲ့ သား ကင်ဂျုံအီကိုပဲ ခေါင်းဆောင်တင်မြှောက် မြောက်ကိုရီးယားကို ရသေ့နိုင်ငံလို့ နိုင်ငံတကာက ရေးသား တင်စားရတဲ့ အထိ အထီးတည်းဖြစ် စီးပွားရေးအရ သူများပေးစာကမ်းစာကို လက်ခံ စားသောက်ရတဲ့အထိ ဖြစ်အောင်လုပ်ခဲ့တာကို ကမ္ဘာတ၀ှမ်းလုံးသိရှိပြီး ဖြစ်ပါတယ်။

ဒါပေမယ့် သူနိုင်ငံက ပြည်သူတွေ ပိုင်ဆိုင်တဲ့ ဘဏ္ဍာာငွေကြေးတွေကို နျူးကလီးယား လက်နက် ထုတ်လုပ်ဖို့ အသုံးပြုခဲ့ပြီး နျူကလီးယား ဒုံးကျည်တွေ ထုတ်လုပ် ဂျပန်နိုင်ငံကိုတောင် ကျော်ပစ်ပြပြီး လက်နက်နိုင်ငံ ထူထောင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ကိုယ့်နိုင်ငံက ပြည်သူတွေ စားရမဲ့မဲ့၊ သောက်ရမဲ့မဲ့ နိုင်ငံတကာက ထောက်ပံ့ ပေးကမ်းတာတွေကို စားနေရတဲ့အချိန်မှာ ဒေါ်သာသန်းချီ အကုန်အကျရှိတဲ့ နျူးကလီးယား လက်နက်တွေ ထုတ်လုပ်နေတဲ့ အဲဒီခေါင်းဆောင်ဆိုသူရဲ့ အတွေးအခေါ်ကို စဉ်းစားကြည့်ရင် သူ ဘာဆိုတာကို သိကြမှာပါ။

ခုတော့ မြောက်ကိုရီးယားက ကျုပ်တို့နျူကလီးယား ဒုံးနဲ့ ပစ်လိုက်မှာနော် မပစ်စေချင်ရင် ကျုပ်တို့ တောင်းတာပေးလို့ လက်နက်ပြ ငွေညှစ်နေတဲ့ ဓားပြနိုင်ငံဖြစ်နေပြီဆိုတာကို အားလုံး သိနေကြပါပြီ။

ခုတခါ အသက် ၃၀ တောင် မပြည့်သေးတဲ့ ရုရှား စစ်ကျောင်းတက်ခဲ့တာက လွဲလို့ လူ့လောကအကြောင်း ဘာမှမသိသေးတဲ့ ကင်ဂျုံအွန်း ဆိုတဲ့ ကလေးကို နိုင်ငံခေါင်းဆောင် တင်မြှောက်လိုက်တာကတော့ အလွန့်အလွန် မိုက်မဲတဲ့ကိစ္စလို့ ပြောရမှပါပဲ။ ဒါကို မြောက်ကိုရီးယားပြည်သူတွေ အပြစ်လို့ ပြောလို့ မရပါဘူး။ အာဏာရှင်စနစ်အောက်မှာ သူတို့ ဘာမှ ပြောရေးဆိုခွင့် မရှိကြသလို ဘာမှ လည်း မသိကြပါဘူး။ အပေါ်ပိုင်းက သက်ကြားအို

စစ်ဗိုလ်ချုပ် ဆိုသူတွေက အစဉ်အလာအရ ကြောက်ဒူးတုန်ပြီး ခေါင်းငြိမ့် လက်ခံခဲ့ ကြလို့ ဖြစ်ရတာပါ။

အခုတော့ အဲဒီ ရူးကြောင်ကြောင်ကလေးက သူကို အာဏာကုလားထိုင်ပေါ် တင်ပေးတဲ့တဲ့ ဦးလေးတော်စပ်သူကို ခွေးတွေရဲ့အစာကြွေး သတ်ဖြတ် ပစ်လိုက်ပြီး သူအာဏာ ကုလားထိုင်ကို ကာကွယ်ခဲ့သလို သူ့ချစ်သူ အနုပညာရှင် အဆိုတော်မလေးကိုလည်း သေနတ်နဲ့ ပစ်သတ် ကွပ်မျက်လိုက်ခဲ့ပြီးပါပြီ။ အဲဒီလို တရားလက်လွတ် ငါနိုင်ငံထဲ ငါလုပ်ချင်သလို လုပ်မယ့် အချုပ်အချာ အာဏာကို မထိပါးနဲ့ ဆိုတာမျိုးကို နိုင်ငံတကာလူ့အဖွဲ့အစည်းက ကြည့်နေတော့မှာပါလား။ စဉ်းစားသင့်ကြပြီလို့ ထင်ပါတယ်။

အာဆီယံနိုင်ငံတွေရဲ့ ၀င်ရောက်မစွက်ဖက်ရေးမူကြောင့် မြန်မာနိုင်ငံ စစ်ဗိုလ်ချုပ်တွေ ပြည်သူတွေကို  ထင်တိုင်း မတရားပြုနေခဲ့ကြတာကို တွေ့မြင်နေကြရပါပြီ။ ခု မြောက်ကိုရီးယား အာဏာရှင်ကလေးက စစ်အခမ်းအနားတခု မှာ အိပ်ငိုက်နေလို့ သူကို တန်ပြန်ပြောဆိုလို့ ဆိုပြီး သူရဲ့ လက်နက်ကိုင်တပ်များရဲ့ ဦးစီးချုပ် ကာကွယ်ရေးဝန်ကြီးကို လေကြောင်းပစ် လက်နက်နဲ့ ပစ်ခတ် သတ်ဖြတ်ပစ်လိုက်ပြန်ပါပြီ။ အဲဒီကိစ္စက တရားမျှတပါရဲ့လား။ သူနိုင်ငံရဲ့ ပြည်တွင်းရေးပဲလို့ သဘောထားကြမှာပါလား။ စဉ်းစားရင် လူတယောက်ကို သေဒဏ်ပေးတဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီလို အာဏာရှင်တွေက ထင်သလို လုပ် လူအခွင့်အရေး ချိုးဖောက်နေတာတွေ ကို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ က ဒီအတိုင်းလက်ပိုက်ကြည့် နေကြတော့မှာပါလား။

မြောက်ကိုရီးယားပြည်သူတွေနဲ့ တောင်ကိုရီးယားပြည်သူတွေရဲ့ အခြေအနေကို နှိုင်းယှဉ် ကြည့်ကြပါ။ စားစရာ မရှိ၊ မလုံလောက်ဘဲ အစိုးရ ဆန့်ကျင်ရေး ပြောမိရင် တမိသားစုလုံး ထောင်ကျ၊ အဲဒီလို ဖြစ်နေတဲ့ အခြေအနေဆိုတာ လူလောကအကြောင်း စိတ်ဝင်စားတဲ့ သူတွေ အားလုံးသိကြမှာပါ။ မတရားမှုတွေကို နယ်မြေ အကန့်အသတ်နဲ့ ကျူးလွန်ခွင့် ရှိပါသလား။ အချုပ်အချာ အာဏာပိုင်နိုင်ငံတခုထဲမှာ ဆိုပြီး မတရားမှု လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဲဒီ နိုင်ငံကို အုပ်ချုပ်နေတဲ့အစိုးရတရပ်က လုပ်ဆောင်ခွင့်ရှိပါသလား။ ကမ္ဘာ့ ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီးက ကြည့်နေမှာပါလား။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013