DVB Logo
Home
နိုင်ငံတကာ
ဖိလစ်ပိုင် အထက်တန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပြီး သေနတ်သမား အပါအဝင် ၃ ဦး သေဆုံး
DVB
·
September 18, 2026
Photo: PHILIPPINES RED CROSS
Photo: PHILIPPINES RED CROSS
Donate to DVB

ဖိလစ်ပိုင်တောင်ပိုင်း ဘန်ဂါမြို့ရှိ ဘန်ဂါ အမျိုးသားအထက်တန်းကျောင်းမှာ စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီကျော်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ သေနတ်သမားလို့ သံသယရှိသူ အသက် ၁၆ နှစ်အရွယ် ကျောင်းသား အပါအဝင် အနည်းဆုံး ကျောင်းသား ၃ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

မြို့တော်ဝန် အယ်လ်ဘတ် ပါလန်စီယာရဲ့ အဆိုအရ သေဆုံးသူတွေကို ဆေးရုံအရောက်မှာ သေဆုံးပြီလို့ ကြေညာခဲ့တာဖြစ်ပြီး သေနတ်သမားဟာ သူ့ကိုယ်သူ ပြန်လည်ပစ်ခတ် သေဆုံးခဲ့တာလို့ ယူဆရပါတယ်။

ဒဏ်ရာရရှိသူ အများစုကိုတော့ ကိုရိုနာဒယ်လ်မြို့ရှိ တောင်ပိုင်း ကိုတာဘာတို ပြည်နယ်ဆေးရုံမှာ ကုသပေးနေပြီး ကြက်ခြေနီအဖွဲ့ကလည်း ဆေးဝါးကူညီရေးအဖွဲ့တွေ စေလွှတ်ပေးထားပါတယ်။

ဖိလစ်ပိုင်မှာ တရားမဝင်လက်နက်တွေ ကျန်ရှိနေသေးပေမဲ့ သေနတ်ကိုင်ဆောင်ခွင့် စည်းမျဉ်းတွေကို တင်းကျပ်စွာ သတ်မှတ်ထားတာပါ။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လက ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းပစ်ခတ်မှုအပြီး နောက်ဆက်တွဲ ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။

အခုဖြစ်စဉ်ကြောင့် ကြိုတင်ကာကွယ်မှုအနေနဲ့ ဘန်ဂါမြို့တော်ဝန်က မြို့ပေါ်ရှိ အစိုးရကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်း အားလုံးကို တနင်္လာနေ့အထိ ပိတ်ထားလိုက်သလို အနီးအနား ဆူရာလက်မြို့က မြို့တော်ဝန် ပီဒရို မာတီနောင် ဂျူနီယာ ကလည်း ကျောင်းတွေပိတ်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013