DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့နယ်၌ ကျားဖြန့်လုပ်သား ၈၀၀ နီးပါးကို ဖမ်းဆီး
DVB
·
July 28, 2026
Photo: MOI
Photo: MOI
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တိုက်ပွဲပြင်းထန်နေတဲ့ ဒေသမှာရှိတဲ့ ဖလူးလေးရွာ အရှေ့ဘက် တောင်ကြားမှာရှိတဲ့ တရားမဝင် ကျားဖြန့်လုပ်ငန်းခွင်အတွင်းကို စစ်အာဏာရှင်တပ်က ဝင်ရောက်စစ်ဆေးခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့မှာ တရားမဝင် နိုင်ငံခြားသားတွေနဲ့ မြန်မာအမျိုးသမီး၊ အမျိုးသားတွေ အပါအဝင်  လူ ၈၀၀ နီးပါးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ခတ်ဒေသအတွင်း တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေ လုပ်နေတယ်ဆိုတဲ့ သတင်းအရ  သွပ်မိုး ၁ ထပ် အဆောက်အအုံ ၇ လုံး၊ သွပ်မိုး ၃ ထပ်အဆောက်အအုံ ၁ လုံးတို့အတွင်းကနေ တရုတ်နိုင်ငံသား အမျိုးသား ၆၂၀ ယောက်၊ အမျိုးသမီး ၁၁ ယောက်၊ ထိုင်းနိုင်ငံသား အမျိုးသမီး ၃ ယောက်၊ မြန်မာနိုင်ငံသား အမျိုးသား ၃၂ ယောက်၊ အမျိုးသမီး ၁၁၁ ယောက် စုစုပေါင်း ၇၇၇  ယောက်တို့ ဖမ်းဆီးရမိခဲ့တာလို့ စစ်အာဏာရှင် ပြန်ကြားရေးက လည်း သတင်းထုတ်ပါတယ်။ 

ဖမ်းဆီးရမိသူတွေကို  အုပ်စု ၂ စု ခွဲထားပြီး အမျိုးသမီးတွေကို ဖလူးကြီး အနောက်ဘက် ရဲကုန်းစခန်းဘက်ကို လက်ထိတ်ခတ်၊ ကြိုးတုတ်ပြီး လမ်းလျှောက်ပြန်ခေါ်သွားကာ စစ်ဆေးနေတယ်လို့ စစ်အာဏာရှင်တပ်နဲ့  နီးစပ်သူတယောက်က  ပြောပါတယ်။

ကျားဖြန့်လုပ်သားတွေကို KNLA နဲ့ PDF  တပ်ဘက်က အခကြေးငွေယူပြီး အကာအကွယ်ပေးထား တယ်လို့ စစ်အာဏာရှင်ဘက်က စွပ်စွဲသတင်းထုတ်ပြန်ထားပေမဲ့ KNLA တပ်ဘက်ကတော့ တရားမဝင် ကျားဖြန့်လုပ်ငန်းနေရာဟာ DKBA (ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်)က အာမခံပေးထားတဲ့ နေရာဖြစ်တယ်လို့ တုံ့ပြန်ပြောပါတယ်။

အဆိုပါ ကျားဖြန့် နေရာကနေ star link ဗန်း ၁ ခု၊ ကွန်ပျူတာမျိုးစုံ ၈၅ လုံး၊ ဖုန်းမျိုးစုံ ၁၈၃ လုံး တို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

မြဝတီဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး  အလာင်း ၁၃ လောင်း၊ လက်နက်မျိုးစုံ ၉ လက်၊ ခဲယမ်းနဲ့ အခိုင်အမာဆောက်လုပ်ထားတဲ့ ကွန်ကရစ် ဘန်ကာတွေ၊ လူနေတဲတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

ဖမ်းဆီးရမိသူတွေကိုတော့ လိုအပ်တဲ့စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေနဲ့အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ် ။

မြန်မာ-ထိုင်းနယ်စပ်မှာ တရားမဝင် ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို မြဝတီမြို့တွင်းမှာတင်မကဘဲ မြဝတီမြို့ မြောက်ဘက်နဲ့ တောင်ဘက်တွေမှာပါ ကျားဖြန့်လုပ်သား ၅၀,၀၀၀ ထက်မနည်း စစ်အာဏာရှင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး အလုပ်တွေ၊ ဝေစုတွေ ခွဲဝေလုပ်ကိုင်နေကြတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013