DVB Logo
Home
မြန်မာသတင်း
လှေစီးဒုက္ခသည်အရေး ဒေသတွင်းနိုင်ငံများ ပူးပေါင်းအဖြေရှာရန် အမေရိကန်တိုက်တွန်း
DVB
·
May 17, 2015
လှေစီးဒုက္ခသည်အရေး ဒေသတွင်းနိုင်ငံများ ပူးပေါင်းအဖြေရှာရန် အမေရိကန်တိုက်တွန်း
Donate to DVB

အရှေ့တောင်အရှ ပင်လယ်ပြင်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က လာတယ်လို့ ယူဆရတဲ့ ထောင်နဲ့ချီတဲ့ လှေစီးဒုက္ခသည်တွေအရေး ဒေသအတွင်းအာဏာပိုင်တွေ ပှုးပေါင်းအဖြေရှာကြဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mr.Jeff Rathke က မေ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အခုလို တိုက်တွန်းလိုက်တာပါ။

အရှေ့တောင်အရှပင်လယ်ပြင်မှာ ထောင်နဲ့ချီတဲ့ လှေစီးရွှေ့ပြောင်းဒုက္ခသည်တွေ ကြုံနေရတဲ့ အခက်အခဲတွေအတွက် အမေရိကန်က စိုးရိမ်ကြောင်း၊ လှေစီးဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ကြမယ်လဲဆိုတာ ထိုင်းအစိုးရနဲ့ ဆက်သွယ်ဆွေးနွေးပြီး လှေစီးဒုက္ခသည်တွေကို ယာယီခိုလှုံခွင့်ပေးဖို့ တိုက်တွန်းထားပါတယ်။

လယ်မယ့် မေလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံမှာပြုလုပ်မယ့် ဆွေးနွေးပွဲမှာလည်း အမေရိကန်သံအမတ်တွေက လူသားချင်းစာနာမှု အကူအညီပေးရေးတွေကို ဒေသတွင်းနိုင်ငံတွေနဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း၊ ဒေသအတွင်းနိုင်ငံတွေ ပှုးပေါင်းပြီး ပင်လယ်ပြင်မှာ ထောင်ချီတဲ့ လူ့အသက်တွေကို ကယ်ထုတ်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဆိုပါတယ်။

ထောင်နဲ့ချီတဲ့ လှေစီးဒုက္ခသည်တွေဟာ ကပ္ပလီ ပင်လယ်ပြင်နဲ့ မလက္ကာရေလက်ကြားမှာ လှေတွေနဲ့ မျောနေတုန်း မေ ၁၅ ရက်နေ့က ရှာဖွေ တွေ့ရှိအပြီးမှာ အရေးပေါ် အကူအညီတွေပေးဖို့ အမေရိကန်က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အခုပတ်အတွင်းမှာ လှေစီးဒုက္ခသည် ၃ ထောင်လောက် မလေးရှားနဲ့ အင်ဒိုနီးရှားကျွန်းတွေမှာ ရောက်လာတယ်လို့ သိထားပြီး ဒီကိစ္စကို ဆောင်ရွက်ပေးနေတဲ့ ထိုင်း၊ မလေးရှား နဲ့ အင်ဒိုနီးရှား အစိုးရတွေအတွက် ဂုဏ်ယူကြောင်း၊ ဆက်လက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ နိုင်ငံတာကာ အဖွဲ့အစည်းတွေနဲ့ ပှုးပေါင်းဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

ဒေသအတွင်းနိုင်ငံတွေအနေနဲ့ နောက်ထပ်ရောက်လာမယ့် လှေတွေကို နှင်ထုတ်တာမျိုးမလုပ်ဖို့၊ ဒီကိစ္စ အမေရိကန်အစိုးရအနေနဲ့လည်း ဆွေးနွေးနေပြီး အကူအညီပေးနိုင်အောင်ကြိုးစားသွားမှာဖြစ်သလို မေလ ၂၉  ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲကိုလည်း ကိုယ်စားလှယ်တွေ စေလွှတ်မယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာဆိုသူတွေဟာ မြန်မာနိုင်ငံမှာ မရှိကြောင်းနဲ့ ရိုဟင်ဂျာဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးကြမယ်ဆိုရင် မြန်မာနိုင်ငံက အဲဒီညီလာခံကိုတက်ဖို့ အကြောင်း မရှိဘူးလို့ သမ္မတရုံးပြောခွင့်ရသူက  ပြောဆိုထားပါတယ်။

နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့ကတော့ ထိုင်းရေပိုင်နက် အနီးမှာ လှေစီး ဒုက္ခသည် ၈ ထောင်လောက်ရှိနေတယ်လို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ရိုဟင်ဂျာ တသိန်း နှစ်သောင်းကျော်ဟာ တခြားနိုင်ငံတွေမှာ အခြေချခွင့်ရဖို့ မိမိတို့ဒေသတွေကို စွန့်ခွာထွက်ပြေးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက စာရင်းထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013