DVB Logo
Home
မြန်မာသတင်း
လူမှောင်ခိုဂိုဏ်း နှိမ်နင်းမှုကြောင့် မြန်မာအလုပ်သမားများ ဖမ်းဆီးခံနေရ
DVB
·
May 16, 2015
လူမှောင်ခိုဂိုဏ်း နှိမ်နင်းမှုကြောင့် မြန်မာအလုပ်သမားများ ဖမ်းဆီးခံနေရ
Donate to DVB

ထိုင်းနိုင်ငံမှာ ရဲတပ်ဖွဲ့က လူမှောင်ခိုကူးဂိုဏ်းများနောက် ခြေရာခံလိုက်ဖမ်းဆီးနေရာမှာ အဖမ်းခံရသူတွေထဲ တရားမ၀င်မြန်မာအလုပ်သမားတွေလည်း ပါဝင်နေပါတယ်။

အခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း အလုပ်သမားဖမ်းဆီးမှုတွေဟာ လူကုန်ကူးကိစ္စနဲ့ ပတ်သက်ဆက်နွှယ်နေသူတွေရဲ့ ကွင်းဆက်တွေ လိုက်လံဖော်ထုတ်ဖမ်းဆီးနေတာသာ ဖြစ်တယ်လို့ မြန်မာအလုပ်သမားအခွင့်အရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေထံက စုံစမ်းသိရှိရပါတယ်။

မေလ ၁၆ ရက်ကပဲ ထိုင်းတောင်ပိုင်း၊ စမွတ်ပရာကန်ခရိုင်၊ တန်ဘွန် ထိုင်းဘန်အပိုင်က ဆောက်လုပ်ရေးဆိုဒ်တခုမှာ တရားမ၀င် ၀င်ရောက်အလုပ်လုပ်ကိုင်နေတဲ့ အထောက်အထားမဲ့ အလုပ်သမား စုစုပေါင်း ၈၅ ဦးကို ထိုင်းရဲကဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်က “ထိုင်းနိုင်ငံမှာ အထောက်အထားလက်မှတ်ရှိ မရှိ စီမံချက်နဲ့စစ်ဆေးမယ်လို့ ကြေညာထားတာက ဇွန် ၃၀နောက်ပိုင်းမှ ဖြစ်ပါတယ်။အခု ဖမ်းနေတာတွေက လူမှောင်ခိုကုန်ကူးပွဲစားဂိုဏ်းနဲ့ ပတ်သက်ဆက်စပ်ပြီးတော့ သူ့အဆက်နဲ့သူ ပထမလူတယောက်ကို မိလိုက်တာနဲ့ သူနဲ့ဆက်နွှယ်တဲ့သူ၊ သူ့ကို ဘယ်သူက ခေါ်လာတာလဲအစ တခြားမြို့နယ်တွေမှာပါ လိုက်ဖမ်းနေတာကို တွေ့မြင်နေရပါတယ်” လို့ ပြောပါတယ်။

ဒီနေ့ ထိုင်းရဲကဖမ်းတဲ့ တရားမ၀င်အလုပ်သမား ၈၅ ယောက်အနက် မြန်မာအလုပ်သမား ၁၀ ယောက် ပါဝင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်ထဲ ထိုင်းနိုင်ငံတောင်ပိုင်း ချုဖောင်းမြို့နယ်ထဲက တောထဲမှာ ၃ ရက်ကြာ အစာရေစာပြတ်လပ်နေတဲ့ တရားမ၀င် မြန်မာနိုင်ငံသား ၇၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ကယ်တင်ခဲ့ပါသေးတယ်။

ထိုင်းနယ်စပ် ရနောင်းမြို့အနီးက တောထဲမှာ လူကုန်ကူးသူတွေက ထိန်းသိမ်းထားတဲ့သူတွေ ရာနဲ့ချီပြီး ရှိနိုင်သေးတယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောထားပါတယ်။

ထိုင်းနိုင်ငံတွင်းဖြစ်ပွားနေတဲ့ လူကုန်ကူးမှု၊ အရွယ်မရောက်သေးတဲ့ကလေးငယ်တွေ စေခိုင်းမှုနဲ့ အတင်းအဓမ္မခိုင်းစေမှုတွေ ပပျောက်သွားအောင် နိုင်ငံတကာက ဖိအားပေးပြောဆိုနေပြီး လက်ရှိ ထိုင်းဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာကလည်း ဒီပြဿ   နာတွေကို ၆ လအတွင်း ဖြေရှင်းလုပ်ဆောင်သွားမယ်လို့ ထုတ်ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013