DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် လျှပ်စစ်မီးအပြည့်မရသဖြင့် အသေးစားလုပ်ငန်းအချို့ ရပ်တည်ရေးခက်
DVB
·
May 16, 2015
စစ်တွေတွင် လျှပ်စစ်မီးအပြည့်မရသဖြင့် အသေးစားလုပ်ငန်းအချို့ ရပ်တည်ရေးခက်
1 / 3
Donate to DVB

ရခိုင်ပြည်နယ်စစ်​တွေမှာ လျှပ်စစ်မီးအပြည့်အဝမရတဲ့အတွက် အ​သေးစားစက်မှူ လုပ်ငန်းအချို့ ​ရေရှည်ရပ်တည်ဖို့ အခက်အခဲဖြစ်​နေပါတယ်။

ရခိုင်ပြည်နယ်ရဲ့ မြို့​တော်ဖြစ်တဲ့ စစ်​တွေက  တပိုင်တနိုင် အ​သေးစာစက်မှု လုပ်ငန်း​တွေဆီကို လျှပ်စစ်မီး မရောက်သေးတာကြောင့် လုပ်ငန်းမှာ  အခက်အခဲဖြစ်​နေတယ်လို့ သံရည်ကြိုစက်လုပ်ငန်းတည်​ထောင်ထားတဲ့ ဦးသန်းဝင်းက ​ပြောပါတယ်။

vlcsnap-2921-09-07-15h56m03s138“ကျ​နော်တို့ ရခိုင်ပြည်နယ်ကို လျှပ်စစ်မီး​ရောက်တာ ၁၂ လပိုင်းကတည်းက ​ရောက်ပါတယ်။ ကျ​နော်တို့ စက်မှုရပ်ကွက်မှာ လျှပ်စစ်မီးမ​ရောက်တာက ကျ​နော်တို့အတွက် အဟန့်အတားအခက်ခဲဖြစ်​နေပါတယ်။ ​နေ့စဉ်လိုလို အခက်အခဲဖြစ်​နေပါတယ်။ ကျ​နော် အခုဆိုရင် စပါးခွံမီး​သွေး​လောင်စာ​တောင့် ၁ နှစ်ကို ပိဿာ    ၈ သိန်း​လောက်ထုတ်ပါတယ်။ ပိဿာ ၈သိန်းဆိုတာက သစ်​တောဧက တစ်​သောင်းငါး​ထောင်​လောက်နဲ့ ကိုက်ညီမှူရှိပါတယ်။ ဒီစက်ရုံ​တွေမှာလည်း ကျ​နော်တို့​တွေ အလုပ်သမား ၅၀ ​လောက်ခန့်ထားနိုင်ပါတယ်။ ဒီလုပ်ငန်း​တွေ ​ရေရှည်တည်တံ့ဖိုဆိုရင် လျှပ်စစ်မီးလိုပါတယ်။ အဲ့ဒါ​ကြောင့် အမြန်ဆုံး သက်ဆိုင်ရာက ကူညီ​ပေးပြီး​တော့ ​ဆောင်ရွက်​ပေးဖို့လိုပါတယ်။”

ရခိုင်ပြည်နယ်ကို မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်ဖြန့်ဖြူးတာဟာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး အိမ်သုံးမီတာ ၁ ယူနစ်ကို  ၃၅ ကျပ်နှုန်းကောက်ခံပြီး လုပ်ငန်းသုံးဆိုရင် ၁ ယူနစ်ကို ၇၅ ကျပ်နှုန်းကောက်ခံနေတာပါ။

ဒါပေမယ့် အသေးစားစက်မှုလက်မှုလုပ်ငန်းတွေဆီကို မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်မရရှိသေးတာကြောင့် လုပ်ငန်းတွေ နှောင်းနှေးတာလို့ စက်မှုရပ်ကွက်က ဆားလုပ်ငန်းလုပ်ကိုင်နေသူ ဦးလှဝင်းက ပြောပါတယ်။

“အစိုးရက ချပေးထားတဲ့ စက်မှုရပ်ကွက်မှာ သံရည်ကြိုစက်ရုံ၊ လောင်စာစက်ရုံ၊ ဆားစက်ရုံပျော့ဖတ်စက်ရုံတွေ ရှိပါတယ်။ ဒါတွေလုပ်ငန်းအတိုင်းလည်ပတ်ဖို့က အခက်အခဲတွေဖြစ်နေပါတယ်။ ကျနော်တို့ ခန့်မှန်းထားတဲ့ ထုတ်ကုန်လောက် ဘယ်လိုမှမဖြစ်နိုင်ဘူး။”

vlcsnap-2034-09-17-12h45m59s307မြို့တော် စစ်တွေ စက်မှုလုပ်ငန်းတွေကို  မီးမရောက်သေးလို့ လုပ်ငန်းရှင်တွေအနေနဲ့ မီးသုံးမယ်ဆိုရင် (မီးစက်) ကို အသုံးပြုနေရတာကြောင့် ကုန်ကျစရိတ်များတာ၊ တွက်ခြေမကိုက်တွေ တွေ့ကြုံနေရပြီး လုပ်ငန်းရှင်တွေဘက်က အစိုးရမီးရဖို့ကို မျှော်လင့်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013