DVB Logo
Home
မြန်မာသတင်း
နေပူရှိန်ပြင်းလွန်းသဖြင့် နှမ်းစိုက်တောင်သူများ အခက်ကြုံ
DVB
·
May 16, 2015
နေပူရှိန်ပြင်းလွန်းသဖြင့် နှမ်းစိုက်တောင်သူများ အခက်ကြုံ
1 / 2
Donate to DVB

နေပူရှိန်ပြင်းလွန်းနေတဲ့အတွက် ပွင့်ဖြူမြို့နယ်အတွင်းက နှမ်းစိုက်တောင်သူတွေ နှမ်းခင်းတွေကို ရေဖြန်းပေးနေရပြီး ဆုံးရှုံးမှုနဲ့ ကြုံတွေ့နေရပါတယ်။

အရင်နှစ်တွေထက်စာရင် အပူရှိန်အရမ်းများလွန်းနေတာတဲ့အတွက် နှမ်းစိုက်တောင်သူတွေ နှမ်းပင်တွေကို ရေဖြန်းပေးနေရပြီး ရေမဖြန်းပေးပါက နှမ်းပင်အမြစ်တွေချောင်ပြီး သေဆုံးမှုတွေရှိသလို ကျန်နေတဲ့အပင်တွေလည်း အတက်နှေးတယ်လို့ ဆိုပါတယ်။

ကျောက်ပန်းတောင်းကျေးရွာသား နှမ်းစိုက်တောင်သူ ဦးဝင်းထွန်းနိုင်က “နှစ်တိုင်းထက်စာရင် ရာသီဥတုအခြေအနေမိုးခေါင်တဲ့အတွက် နှမ်းပင်တွေသိပ်မဖြစ်ဘူး ပေါ့ဗျာ။ သိပ်မဖြစ်တဲ့အတွက် မိုးအတုပေါ့ ရေဖြန်းရတာပေါ့။ ရေဖြန်းတဲ့အတွက်က အပင်လေး နည်းနည်းပါးပါး ထူထူထောင်ထောင်လေးတော့ရှိတာပေါ့။ နေမတရားသဖြင့် ပြင်းတော့ အပင်တွေအမြစ်တွေက ချောင်ပြီးတော့ အမြစ်ကုပ်မှုအားမရှိတော့ အပင်တွေ အများကြီးသေဆုံးမှုရှိတာပေါ့။ ကျနော်တို့ရသင့်သလောက် ထိုက်သင့် သလောက်မရဘူး” လို့ ပြောပါတယ်။

ဒေသခံတောင်သူတွေအနေနဲ့ နှမ်းခင်းရေဖြန်းရတာ ၅ ဧက ၀န်းကျင်ကို တရက် ကျပ်  နှစ်သောင်းခွဲနဲ့ သုံးသောင်းကြား ကုန်ကြစရိတ်ရှိနေပြီး သဘာဝမိုးရေလောက်တော့ မကောင်းဘူးလို့ ပြောပါတယ်။

ကျောင်းတော်ရာကျေးရွာနေ နှစ်စိုက်တောင်သူ ဒေါ်တင်နွယ်ဝင်းက “တရက်ကို ဆီနဲ့ဆို နှစ်သောင်းခွဲဖိုး သုံးသောင်းလောက်ပေါ့။ လူခကြီးပဲ တစ်သောင်းခွဲဖိုး လောက်ကုန်တယ်။ ရေမဖြန်းတော့မတက်တာပေါ့။ ရေဖြန်းလိုက်တော့မိုးတုရွာပေးတာပဲ။ သဘာဝမိုးလောက် တော့ဘယ်ကောင်းမလဲ” လို့ ပြောပါတယ်။

ပွင့်ဖြူမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့တပတ်က လေပြင်းတွေတိုက်ပြီး သစ်ပင်ကြီးတွေကျိုးကျ လဲကျတာတွေရှိပေမယ့် မိုးရွာသွန်းမှုတော့ မရှိခဲ့ပါဘူး။

nann1 နှမ်းစိုက်တောင်သူတွေအများစုကတော့ ရာသီဥတုဖောက်ပြန်တဲ့ ဒီနှစ်နှမ်းစိုက်ရာသီမှာ အထွက်နှုန်းနဲ့ ကုန်ကျစရိတ် မကာမိမှာလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ပွင့်ဖြူမြို့နယ်အတွင်းမှာ နှမ်းစိုက် ဧက ၃ သောင်းကျော် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013