DVB Logo
Home
မြန်မာသတင်း
အမေရိကန်က မြန်မာကို ဒဏ်ခတ်ပိတ်ဆို့မှု ၁ နှစ် ထပ်တိုး
DVB
·
May 16, 2015
Donate to DVB

ရခိုင်ပြည်နယ်နဲ့ တိုင်းရင်းသားဒေတွေမှာ လူ့အခွင့်အချိုးဖောက်တာတွေကြောင့် အမေရိကန်က မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ၁ နှစ် ထပ်မံသက်တမ်းတိုးလိုက်ပါတယ်။

လူနည်းစု တိုင်းရင်းသားဒေသတွေမှာ နဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချို့ဖောက်မှုတွေကြောင့် ဒဏ်ခတ်ပိတ်ဆို့မှု ၁ နှစ်ထပ်တိုးဖို့ အမေရိကန်အစိုးရက မေလ ၁၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိထားပြီးတော့ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုတွေကို ဆက်ပြီး အားပေးထောက်ခံ သွားမယ်လို့ ဆိုပေမယ့် ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေသေးတာကြောင့် အခုလို ဒဏ်ခတ်ပိတ်ဆို့မှု ၁ နှစ်ထပ်တိုးဖို့ ဆုံးဖြတ်လိုက်တာလို့ အိမ်ဖြူတော် ထုတ်ပြန်ချက်ထဲမှာ သမ္မတ ဘရာ့ခ် အိုဘားမားက ပြောထားပါတယ်။

မြန်မာအစိုးရက အရေးကြီးတဲ့ လုပ်ငန်းစဉ်အချို့ကို တိုးတက်လာအောင် ဆောင်ရွက်ခဲ့တာရှိကြောင်း၊ နိုင်ငံရေး အကျဉ်းသားလွတ်ပေးတဲ့ကိစ္စ၊ လက်ရှိဆောင်ရွက်နေတဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်တွေ၊ ကလေးစစ်သားပြန်လွှတ်ပေးတဲ့ ကိစ္စတွေဖြစ်တယ်လို့ ဆိုပါတယ်။

တဖက်မှာ လူနည်းစု တိုင်းရင်းသားဒေသတွေနဲ့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု နဲ့ ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေတာကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်နေရကြောင်း၊ အစိုးရအဖွဲ့ကိုကျော်ပြီး စစ်တပ်က လုပ်ငန်းဆောင်ရွက်မှုတွေပြုလာတာ၊ စစ်တပ်နဲ့ ပတ်သက်ရင် အပြစ်ပေး ဒဏ်ပေးတာတွေမရှိတာ စတာတွေကြောင့် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ၁ နှစ်ထပ်တိုးဖို့ ဆုံးဖြတ်ရတာလို့ ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013