DVB Logo
Home
နိုင်ငံတကာ
ယီမင်ကုန်းမြင့်ဒေသကို သိမ်းရန် ဟူသီ ကြိုးပမ်း၊ ဝင်တိုက်မည့်အစီအစဉ် ထရမ့်ပ် ဖျက်သိမ်း
DVB
·
September 22, 2026
Photo: HOUTHI MILITARY MEDIA/Handout via REUTERS
Photo: HOUTHI MILITARY MEDIA/Handout via REUTERS
Donate to DVB

ဆော်ဒီ ကျောထောက်နောက်ခံပြုတပ်တွေ ထိန်းချုပ်ထားဆဲ နယ်မြေတွေကို ပင်လယ်နီ ကမ်းရိုးတန်းနဲ့ အဆက်အသွယ်ဖြတ်ဖို့ ယီမင်ကုန်းမြင့်ဒေသတွေကို အီရန် ကျောထောက်နောက်ခံပြု ဟူသီတွေက စက်တင်ဘာ ၂၁ ရက်မှာ ထိုးစစ်ဆင်နေပါတယ်။ 

ပင်လယ်နီကမ်းရိုးတန်းကို ဒီလမှာ သိမ်းယူခဲ့တဲ့ ဟူသီတွေဟာ တိုင်ဇ်နဲ့ လာဟစ်ပြည်နယ်တွေက ခါဘူးဘ်တောင်တန်းကို ပစ်မှတ်ထားနေပါတယ်။

ယီမင် နိုင်ငံရေးသုံးသပ်သူ မိုဟာမက်အယ်လ်ကာဒီက “ပြင်းထန်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြားက ထိုးစစ်အရှိန်ကို ဆက်ထိန်းဖို့ ဟူသီတွေက ကြိုးပမ်းနေတယ်” လို့ ပြောပါတယ်။

ဟူသီတွေ သိမ်းထားတဲ့နယ်မြေကို ဆက်ထိန်းနိုင်မလား၊ ပြိုင်ဘက်တပ်တွေ တန်ပြန် ထိုးစစ်ဆင်နိုင်မလားဆိုတာ ဒီတောင်တန်းတွေကို ထိန်းချုပ်နိုင်မှုအပေါ် မူတည်လာနိုင်တယ်လို့ အယ်လ်ကာဒီက သုံးသပ်ပါတယ်။ 

စက်တင်ဘာ ၂၀ ရက်က လေယာဉ်တွေပေါ် ဗုံးတွေတင်ပြီးချိန်ကျမှ ဟူသီတွေကို တိုက်ခိုက်မဲ့ အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ဖျက်သိမ်းခဲ့တယ်လို့ နယူးယောက်တိုင်းမ်စ်က ဖော်ပြပါတယ်။

ဒီသတင်းကို ရိုက်တာက အတည်မပြုနိုင်သေးသလို အိမ်ဖြူတော်ကလည်း ချက်ချင်း မှတ်ချက်မပေးခဲ့ပါဘူး။

ထရမ့်ပ်ဟာ မဟာမိတ်ဆော်ဒီကို ကူညီဖို့ ဖိအားပေးခံနေရပေမဲ့ လူထုထောက်ခံမှုနည်းတဲ့ အီရန်စစ်ပွဲကို ထပ်မချဲ့လိုတာကြောင့် အကျပ်ရိုက်နေတယ်လို့ ရိုက်တာက သုံးသပ်ပါတယ်။

ကုလသမဂ္ဂအရ တိုက်ပွဲတွေမှာ လူ ၇၀၀ နီးပါး သေဆုံးခဲ့ပြီး ၁၃၀,၀၀၀ နီးပါး ပြည်တွင်းမှာ နေရပ်စွန့်ခွာခဲ့ရပါတယ်။

ဟူသီတွေရဲ့ ထိုးစစ်ကြောင့် ဟော်မုဇ်ရေလက်ကြားကို ရှောင်ပြီး ဆော်ဒီရေနံတင်ပို့နေတဲ့ ပင်လယ်နီလမ်းကြောင်းပါ ပြတ်တောက်နိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ 

ဆော်ဒီက အန္တရာယ်များတဲ့ ဟော်မုဇ်လမ်းကြောင်းကနေ ရေနံတင်ပို့မှု ပြန်တိုးလာရပြီး ရေနံဆက်တင်ပို့နိုင်ဖို့ သယ်ယူစရိတ် ပိုပေးနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013