DVB Logo
Home
မြန်မာသတင်း
မြန်မာပို့စ်ဂျာနယ် သတင်းသမားများပြန်လွတ်မြောက်
DVB
·
May 15, 2015
မြန်မာပို့စ်ဂျာနယ် သတင်းသမားများပြန်လွတ်မြောက်
Donate to DVB

အသရေဖျက်မှုနဲ့ တရားစွဲခံ ထောင်ချခံထားရတဲ့ မြန်မာပို့စ်ဂျာနယ်က အယ်ဒီတာချုပ် ဦးသန်းထိုက်သူနဲ့ ဒုတိယ သတင်းထောက်ချုပ် ဦးဆန်းမိုးထွန်းတို့ မေလ ၁၅ ရက်နေ့မှာ မော်လမြိုင်ထောင်က ပြန်လည်လွတ်မြောက်လာပါတယ်။

လွှတ်တော်ထဲက တပ်မတော်သားအမတ်တွေနဲ့ ပတ်သက်ပြီး နယ်ခံသတင်းထောက်တစ်ဦးရဲ့ သတင်းရေးသားပေးပို့မှုနဲ့ ဆက်စပ်ပြီး ပြီးခဲ့တဲ့ မတ်လက သူတို့၂ ဦးကို ထောင်ဒဏ်နှစ်လ ချမှတ်ခဲ့တာပါ။ မေလ ၁၅ ရက်နေ့မှာတော့ ပြစ်ဒဏ်ကာလ ၂လပြည့်မြောက်ပြီး ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာပို့စ်ဂျာနယ်မှာ "ပညာရေးစနစ် နိမ့်ပါးမှုကြောင့် တပ်မတော်သားတွေ လွှတ်တော်မှာ ပါဝင်နေကြ" ဆိုတဲ့ သတင်းကို ပုံနှိပ်ဖော်ပြခဲ့တဲ့အတွက် မွန်ပြည်နယ်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်က တရားလိုလုပ်ပြီး ပုဒ်မ ၅၀၀ အသရေ ဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာပါ။

အဆိုပါ ဂျာနယ်ပါ သတင်းကို မော်လမြိုင်အလွတ်သတင်းထောက်က ရေးသားတာလည်းဖြစ်ပြီး သတင်းရေးသားသူ နယ်ခံသတင်းထောက်က တရားရုံးမှာ တရားလိုပြသက်သေလုပ်ခဲ့ပြီး သတင်းတည်းဖြတ်သူ သတင်းထောက်ချုပ်နဲ့ အယ်ဒီတာချုပ်တို့ကို တရားစွဲဆို ထောင်ချခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013