DVB Logo
Home
မြန်မာသတင်း
ပွင့်ဖြူ ငါးခြောက်ကျွန်းကျေးရွာ အထက်တန်းကျောင်း အချိန်မီပြင်ရန် လိုအပ်
DVB
·
May 15, 2015
ပွင့်ဖြူ  ငါးခြောက်ကျွန်းကျေးရွာ အထက်တန်းကျောင်း အချိန်မီပြင်ရန် လိုအပ်
1 / 7
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာ အထက်တန်းကျောင်းစာသင်ဆောင်တွေ ယိုယွင်းပျက်စီးနေတဲ့အတွက် အခုနှစ်ကျောင်းဖွင့်ချိန်အမီ ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။

ငါးခြောက်ကျွန်းကျေးရွာဟာ ဧရာဝတီမြစ်ကမ်းဘေးက ရွာတရွာဖြစ်တဲ့အတွက်  နှစ်စဉ်ရေကြီးမှုဒဏ် ခံနေရပါတယ်။ စာသင်ဆောင်တွေကို ခြေတံရှည် တည်ဆောက်ထားရကာ ပျက်စီးယိုယွင်းနေတဲ့ ကျောင်းဆောင်ဆောင်တွေကို အခုနှစ်ကျောင်းဖွင့်ချိန်အမီ ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်နေတာပါ။

ကျောင်းဘဏ္ဍာရေးမှူး ဦးမြင့်သိန်းက “ကျောင်းက အောက်ခြေကိုက လွတ်တဲ့တိုင်တွေများနေပါပြီ။ ကျောင်းအပေါ် ဆိုရင်လည်း ပြုတ်ကျနိုင်တဲ့ အန္တရာယ်တွေဖြစ်နေတဲ့အတွက် ကလေးတွေအတွက် ကျောင်းသား အင်အားနဲ့နှိုင်းယှဉ်ကြည့်မယ်ဆို အင်မတန်မှ အန္တရာယ်ရှိတယ်လို့ မြင်ထားတဲ့အတွက် အခုလိုပြောပြရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကျောင်းနာယက ဦးအောင်ကြည်က “၅၉၊ ၆၀ လောက်က ဆောက်ခဲ့တဲ့ကျောင်းပါ။ ဒီနေရာကို မြစ်ရေဒဏ်ကြောင့် ရွှေ့ခဲရတာ ၅ ကြိမ်လောက်ရှိပါပြီ။ အဆင့်ဆင့်ပြောင်းလဲလာခဲ့တော့ ကိုင်းတွေ ရွာကမှအစ ဖြစ်ထဲပါသွားတော့ လူထုက ဆင်းရဲတော့ ကျောင်းကြီးကိုပဲ ဆက်တိုက်ရွှေ့လာရတယ်။ ကျောင်းကို အသစ်လည်း ထပ်မမွမ်းနိုင်ဘူး။ ဒီတိုင်းပဲ ဖြစ်သလိုဆောက်ခဲ့တယ်။ လက်ရှိအခြေအနေက မြင်တဲ့အတိုင်းပဲ အောက်ခြေကပြတ်တဲ့တိုင်ပြတ်ပြီး ပြင်တွေကလည်း ဆွေးကုန်ပြီ” လို့ ပြောပါတယ်။

ကျောင်းသားမိဘတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေက ပညာရေးဌာနနဲ့ သက်ဆိုင်ရာအဆင့်ဆင့်ကို ၅ ကြိမ်ထက်မနည်းတင်ပြခဲ့ဘူးပေမယ် ဘာတခုမှ လာရောက်လုပ်ကိုင်ပေးတာမရှိဘူးလို့ ဆိုပါတယ်။

ကျောင်း အကျိုးတော်ဆောင် ဦးဝင်းမောင်က “ဒီကျောင်းဆောင်တွေ ပြုပြင်ဆောက်လုပ်မှုနဲ့ ပက်သက်ပြီးတော့ ကျနော် ကျေးရွာ အုပ်ချုပ်ရေးမှူးလုပ်ခဲ့စဉ်တုန်းက မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြခဲ့ဖူးပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြင်ပေးမယ်ပြောပြီး အခုချိန်ထိ ပြင်ဆင်မှု ဘာမှကျမလာသေးဘူး။ ကျနော်တို့ ငါးခြောက်ကျွန်းကျေးရွာကြီးမှ  အထက်တန်းကျောင်းင်္ကြီး ဖွင့်ထားပြီးတော့ ကျောင်းဆောင်တွေပြင်ဖို့ အကြိမ်ကြိမ်တင်ပြပေမယ့် နိုင်ငံတော် အစိုးရ အနေနဲ့ ပြုပြင်ပေးတာလည်းမရှိ၊ ကူညီပံ့ပိုးပေးတာလည်းမရှိတဲ့အတွက် ကျနော်တို့ကျောင်းက အကျိုး တော်ဆောင်အဖွဲ့အနေနဲ့ တင်ပြပေးစေချင်တဲ့သဘောပေါ့နော်။ ကလေးသူငယ်တွေ အန္တရာယ်ကင်းစွာ စာသင်ကြားနိုင်ရေး အတွက် တတ်နိုင်တဲ့ဘက်က လုပ်ပေးဖို့တင်ပြခြင်းပါ” လို့ ပြောပါတယ်။

ငါးခြောက်ကျွန်းကျေးရွာ အထက်တန်းကျောင်းခွဲမှာ ကျောင်းသားဦးရေ ၇၀၀ ကျော် တက်ရောက်ပညာ သင်ကြားနေပြီး ဆရာဆရာမအင်အား ၂၀ ကျော်ရှိပါတယ်။ ဒေသခံကျောင်းသားမိဘတွေနဲ့ ဆရာဆရာမတွေက စာသင်ဆောင်တွေကို ကျောင်းဖွင့်ချိန်အမီ ပြင်ဆင်ပေးဖို့ လိုလားနေကြတာလည်းဖြစ်ပါတယ်။

[gallery ids="93144,93145,93146,93147,93148,93149,93150"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013