DVB Logo
Home
မြန်မာသတင်း
မွန်အမျိုးသားပါတီ မွန်ပြည်နယ်တခုလုံးတွင် ရွေးကောက်ပွဲဝင်မည်
DVB
·
May 15, 2015
မွန်အမျိုးသားပါတီ  မွန်ပြည်နယ်တခုလုံးတွင် ရွေးကောက်ပွဲဝင်မည်
Donate to DVB

မွန်ပြည်နယ်မှာရှိနေတဲ့ အဓိက ပါတီကြီးနှစ်ခုနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ‘မွန်အမျိုးသားပါတီ’ အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်တခုလုံးအပြင် ရန်ကုန်၊ တနင်္သာရီ တိုင်းနဲ့ ကရင်ပြည်နယ်တွေမှာပါ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ မွန်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ၂  နိုင်ငွေသိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လကုန်က ကျင်းပတဲ့ ပါတီညီလာခံမှာ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေ အရေအတွက်ကိုတော့ ဒီမေလကုန်မှာ ထုတ်ပြန်မယ်လို့ ပြောပါတယ်။

“ပါတီညီလာခံရဲ့ ဆုံးဖြတ်ချက်အရ ၂၀၁၅ မှာ ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားပြီးသား။ ဆုံးဖြတ်ထားတဲ့အခါကျတော့ ပထမဦးဆုံးက အောင်နိုင်ရေးအတွက် လုပ်ရမှာပေါ့နော်။ အောင်နိုင်ရေးအတွက် အဘတို့က ဗဟိုအဖွဲ့ပြီးတော့ မြို့နယ်ကို တာဝန်ပေးထားတယ်။ နယ်လည်း ဆင်းနေကြတယ်။ သူ့မြို့နယ်နဲ့သူ အရွေးခံလိုတဲ့ ကိုယ်စားလှယ်တွေကို လျှောက်လွှာရယူဖို့။ ရယူပြီးရင် မေလကုန်မှပဲ အဘတို့ကို အဆုံးအဖြတ်ပေးမယ်” လို့ နိုင်ငွေသိန်းက ပြောပါတယ်။

မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်မှာ အားလုံးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို ကရင်ပြည်နယ်မှာ ၃ မြို့နယ်နဲ့ ရန်ကုန်နဲ့ တနင်္သာရီမှာ တိုင်းရင်းသား ရေးရာဝန်ကြီးနေရာတွေအတွက် ၀င်ပြိုင်သွားဖို့ရှိနေပါတယ်။

နိုင်ငွေသိန်းက “တနင်္သာရီတိုင်းမှာတော့ မွန်ရေးရာဝန်ကြီးအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မွန် သိန်းနဲ့ချီရှိတာကို။ ကရင်ပြည်နယ်ကျတော့ မွန်တွေက ၅ သိန်း ၆ သိန်းလောက်ရှိတယ်။ အဲတော့ ဘားအံမြို့နယ်မှာအပြည့်ဝင်မယ်၊ ကော့ကရိတ်မြို့နယ်မှာလည်း အပြည့်ဝင်မယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်မှာလည်း အပြည့်ဝင်မယ်။ ပြီးတဲ့အခါကျတော့ မွန်ဝန်ကြီးအနေနဲ့လည်း ပါဝင်ယှဉ်ပြိုင်မယ်” လို့ပြောပါတယ်။

မွန်တိုင်းရင်းသားပြည်သူလူထုတွေကတော့ မွန်ပြည်နယ်မှာရှိနေတဲ့ အဓိက ပါတီကြီး နှစ်ခုဖြစ်တဲ့ မွန်ဒီမိုကရေစီပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ကို တပါတီတည်း အဖြစ်ပူးပေါင်းဖို့ ဆန္ဒရှိနေကြတာပါ။

မွန်ဒီမိုကရေစီပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုအမည်ပြောင်းဖွဲ့စည်းခဲ့တဲ့ ပါတီဖြစ်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။

ဒီပါတီနှစ်ခု ပါတီပူးပေါင်းရေး အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး  ၂၀၁၂ ဒီဇင်ဘာလ ၂၂ ရက်နေ့က မော်လမြိုင်မှာ နှစ်ဖက်ပါတီ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေး ကြပြီးနောက် မွန်အမျိုးသားပါတီကို  ထူထောင်ခဲ့ပါတယ်။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ခေါင်းဆောင်တချို့ကပါတီသစ်နဲ့ ပူးပေါင်းသွားပေမယ့် တချို့ ကတော့ ပါတီမှာပဲ ဆက်လက်ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013