DVB Logo
Home
Lead Story
ကမ္ဘာ့အကောင်းဆုံးပတ္တမြား လက်ဝတ်ရတနာလေလံပွဲ ၁၀ ခုတွင် မြန်မာက ၈ ခုပါဝင်
DVB
·
May 14, 2015
ကမ္ဘာ့အကောင်းဆုံးပတ္တမြား လက်ဝတ်ရတနာလေလံပွဲ ၁၀ ခုတွင် မြန်မာက ၈ ခုပါဝင်
1 / 10
Donate to DVB

မြန်မာ့ ပတ္တမြား အရည်အသွေးဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးစာရင်းထဲမှာ ပါဝင်နေပါတယ်။ နောက်ပိုင်းနှစ်တွေမှာ လေလံတင် ရောင်းချခဲ့တဲ့ အကောင်းဆုံးနဲ့ သိသာထင်ရှားဆုံး ပတ္တမြား လက်ဝတ်ရတနာ ၁၀ ခု လေလံရောင်းချပွဲမှာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပတ္တမြားနဲ့ ပြုလုပ်ထားတဲ့ လတ်ဝတ်ရတနာက ၈ ခု ပါဝင်နေပါတယ်။

အက်စ်ထရာရဲ့ မြန်မာ ပတ္တမြားနဲ့ စိန် လည်ဆွဲ

1 copyလေလံတင်ပွဲတွေထဲမှာ ဈေးနှုန်းအမြင့်ဆုံး ရောင်းချရတဲ့ အက်စ်ထရာရဲ့ မြန်မာ့ ပတ္တမြားနဲ့ စိန်လည်ဆွဲ ဖြစ်ပါတယ်။ စုစုပေါင်း အလေးချိန် ၈၇.၈ ကာရတ်ရှိတဲ့ အက်စ်ထရာက ဒီဇိုင်းလုပ်ထားတဲ့ မြန်မာ့ပတ္တမြားကို ဒေါ်လာ ၆.၄ သန်းနဲ့ ၂၀၁၃ နိုဝင်ဘာ ၂၆ ရက် ဟောင်ကောင်မှာ ရောင်းချခဲ့ပါတယ်။

ရစ်ချက် ဘာတွန် ပတ္တမြားနှင့် စိန်လက်စွပ်

2 copyရစ်ချက်ဘာတွန် ပတ္တမြား စိန်လက်စွပ်ကတော့ အလေးချိန် ကာရတ် ၈.၂၄ ရှိပြီး ရစ်ချက် ဘာတွန်က အဲလီဇဘက်တေလာ အတွက် ၁၉၆၈ ခုနှစ်က လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလက်စွပ်ကို ဒေါ်လာ ၄ သန်းကျော်နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဘဲဥပုံ မြန်မာ ပတ္တမြား လက်စွပ်

3 copyဘဲဥပုံ မြန်မာပတ္တမြားလက်စွပ်က အလေးချိန် ကာရတ် ၁၃.၂၁ ရှိပြီး ဒေါ်လာ ၆ သန်းနဲ့ ၂၀၁၃ နိုဝင်ဘာ ၂၆ ရက် ဟောင်ကောင်မှာ ရောင်းချခဲ့ပါတယ်။

ကားမင်း လူစီယာ ပတ္တမြား

4 copyအလေးချိန် ကာရတ် ၂၃. ၁ ရှိတဲ့ မြန်မာ ပတ္တမြားကို ပလက်တီနမ်နဲ့ စိန်တွေနဲ့ စီခြယ်ထားတာ ဖြစ်ပြီး ပရဟိတ သမား ပီတာ ဘတ်ကာက ဇနီး ကာမင် လူစီယာအတွက် အမှတ်တရ ပစ္စည်းတခု ဖြစ်ပါတယ်။ ဒီပတ္တမြားကို ၁၉၃၀ နောက်ပိုင်းမှာ မိုးကုတ် ဒေသကနေ တူးဖော်ခဲ့တာလို့ ဆိုပါတယ်။

မျှော်လင့်ခြင်း ပတ္တမြား

5 copyမေ ၂၀၁၂ ခုနှစ်မှာတော့ ဘရာဇီး ပရဟိတ သမား လီလီ ဆာဖရာ ပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာ လေလံပွဲကို ခရစ္စတင်း ဂျီနီဗာက ပြုလုပ်ခဲ့ပါတယ်။ လေလံတင်တဲ့ လက်ဝတ်ရတနာ အားလုံး ရောင်းချခဲ့သလို လက်ဝတ်ရတနာ ၂ ခုကတော့ ကမ္ဘာစံချိန်တင် ဈေးနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ဒီအထဲမှာ အလေးချိန် ၃၂.၀၈ ကာရတ်ရှိတဲ့ ကူရှင်ပုံ မျှော်လင့်ခြင်း ပတ္တမြားလို့ အမည်ပေးထားတဲ့ မြန်မာပတ္တမြား စိန်လက်စွပ်လည်း အပါအ၀င် ဖြစ်ပါတယ်။ ဒီလက်စွပ်ကို ဒေါ်လာ ၆ သန်းကျော်နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ကာတီယာရဲ့ ပတ္တမြား စိန်လက်စွပ်

6 copyအလေးချိန် ၂၉.၆၂ ကာရတ်ရှိတဲ့ ဘဲဥပုံပတ္တမြားကို ဗဟိုမှာထားပြီး စိန်တွေနဲ့ စီခြယ်ထားပါတယ်။ ဒီလက်စွပ်ကို ယူရို ၇ သန်းကျော်နဲ့ ရောင်းချခဲ့ပါတယ်။

ထိပ်တန်းကျ မြန်မာ့ ပတ္တမြားနှင့် စိန်လက်စွပ်

7 copyလက်ဝတ်ရတနာ စုဆောင်းသူ တဦးက ပိုင်ဆိုင်တဲ့ ထိပ်တန်းကျ မြန်မာ့ ပတ္တမြားနဲ့ စိန်လက်စွပ်ကတော့ အလေးချိန် ၄.၇၉ ကာရတ်ရှိပါတယ်။ ၂၀၁၄ နိုဝင်ဘာမှာ ဟောင်ကောင် ဒေါ်လာ ၃ သန်းကျော်နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ရောစ်ဘာ ပတ္တမြားများ

8 copyထင်ရှားတဲ့ လက်ဝတ်ရတနာ စုဆောင်းသူ တဦးပိုင် ဖြစ်ပါတယ်။ ၁၉ ရာစုနောက်ပိုင်း က ဖြစ်ပြီး ရောစ်ဘာ ပတ္တမြားလို့ အမည်ပေးထားတဲ့ အလေးချိန် ကာရတ် ၆.၈၀နဲ့ ၆.၇၀ ရှိတဲ့ စိန်နဲ့ စီခြယ်ထားတဲ့ နားကပ်တွေ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် အောက်တိုဘာမှာ ဟောင်ကောင် ဒေါ်လာ ၂၃ သန်းကျော်နဲ့ ဟောင်ကောင်မှာ ရောင်းချခဲ့ပါတယ်။

ရှားပါး ပတ္တမြား

9 copyကူရှင်ပုံသဏ္ဌာန် မြန်မာ့ ပတ္တမြားက  ရှားပါးတဲ့ ခိုးသွေး ရောင်ရှိနေပြီး ထူးခြားတောက်ပ ကောင်းမွန်တဲ့ ပတ္တမြားလို့ ဆွစ် ကျောက်သံပတ္တမြား အင်စတီကျူက ပြောပါတယ်။ အသည်းခိုက်စရာကောင်းသလို ထူးခြားအရေးပါတဲ့ မြန်မာ့ပတ္တမြား စိန်လက်စွပ် ဖြစ်တဲ့အကြောင်း ဒီလက်ဝတ်ရတနာက ဖော်ပြနေတယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာမှာ ဂျီနီဗာမှာ ကမ္ဘာစံချိန်လေလံတင်ဈေး ယူရို ၈ သန်းကျော်နဲ့ ရောင်းချခဲ့ပါတယ်။

ကတ်တီယာရဲ့ နေထွက် ပတ္တမြား

10 copy၂၅.၅၉ ကာရတ် အလေးချိန်ရှိတဲ့ မြန်မာ့ ပတ္တမြားကို ကမ္ဘာစံချိန်တင်ဈေး ဒေါ်လာ ၃၀.၄၂ သန်းနဲ့ ဂျီနီဗာမှာ ရောင်းချလိုက်ပါတယ်။ ခိုသွေးရောင် ရှိတဲ့ ပတ္တမြားကို လေလံပစ်သူ ၂ ဦး တယ်လီဖုန်းနဲ့ ဈေးအပြိုင်ပေးခဲ့သလို ဒီဈေးဟာ ပတ္တမြားအတွက် စံချိန်တင် ဈေးဖြစ်ပြီး စိန်မဟုတ်တဲ့ ကျောက်သံပတ္တမြားအတွက် အမြင့်ဆုံးဈေးဖြစ်တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013