DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှု စွပ်စွဲဖမ်းဆီးခံ ကိုဝင်းဇော်ထွန်း၏ဖခင် ကွယ်လွန်
DVB
·
May 14, 2015
လိပ်ကျွန်းအမှု စွပ်စွဲဖမ်းဆီးခံ ကိုဝင်းဇော်ထွန်း၏ဖခင် ကွယ်လွန်
Donate to DVB

ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာ အလုပ်သမား လူငယ် ၂ ဦးထဲက ကိုဝင်းဇော်ထွန်းရဲ့ ဖခင် ဦးထွန်းထွန်းထိုက် ဒီကနေ့မနက် ကွယ်လွန်သွားပါတယ်။

ဦးထွန်းထွန်းထိုက် နေထိုင်တဲ့ ကျောက်ဖြူမြို့နယ် ကာပီချောင်းကျေးရွာမှာပဲ ကွယ်လွန်သွားတာလို့ ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦတင်ထူးအောင်က ပြောပါတယ်။

“ဆုံးတာက မနက် ၈ နာရီလောက်မှာ ဆုံးတာပေါ့။ ကျနော့်ဆီကို သတင်းရောက်တာက ၈ နာရီ ၄ မိနစ်လောက်မှာ ဖုန်းဆက်တာပေါ့။”

ဦးထွန်းထွန်းထိုက်ဟာ သားအတွက် အပူသောကတွေကြောင့် စိတ်ဖိစီးမှုတွေခံစာရပြီး ဦးနောက်မှာ အကြိတ်တွေ့ရှိတာကြောင့် လွန်ခဲ့တဲ့လတွေက ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။

ဒါ့အပြင် ဓာတ်ကင်တာတွေ လုပ်ဆောင်ပေးခဲ့ပေမယ့် အခြေအနေက တိုးတက်မလာခဲ့ဘူးလို့ ဦးတင်ထူးအောင်က ပြောပါတယ်။

“ဦးနှောက်ဓာတ်မှန်ရဲ့ စစ်ဆေးတွေ့ရှိချက်အရ ဦးနှောက်မှာ အကြိတ်တွေ့ရှိတယ်။ အဲဒီအကြိတ်ကို ကျနော်တို့ ဒီမှာ ခွဲစိတ်တယ် ရန်ကုန်ဆေးရုံကြီမှာ။ နောက်ပြီး ဓာတ်ကင်တယ်။ အခြေအနေ ထူးခြားမှု မရှိဘူးပေါ့နော်။ နောက် ဒီအချိန်မှာ လိတ်ကျွန်းကိစ္စကလည်း ကျနော်တို့ ရုံးအဖွဲ့က စောင့်ဆိုင်းရတာဖြစ်တဲ့အတွက်ကြောင့် သူ့ရွာကို ခဏပြန်တယ်ပေါ့နော်။ ဒီအချိန်မှာပဲ ဆုံးသွားတာပေါ့။”

ကျေးရွာရဲ့  ဓလေ့ထုံးတမ်းအရ ဦးထွန်းထွန်းထိုက်ကို  ချက်ချင်းသင်္ဂြိုဟ်မှာဖြစ်တဲ့အတွက် ရွာမှာရှိတဲ့ ဆရာတော်က ဦးဆောင်ပြီး ဒီကနေ့ သင်္ဂြိုဟ်မယ်လို့ ပြောပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၅၀ ကျော်ရှိပြီး သူဇနီးနဲ့ လက်ရှိလိပ်ကျွန်းအမှုမှာ တရားစွဲဆိုခံရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ သူ့အစ်ကိုတဦး ကျန်ရစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းခေါ် ခိုတောင်ကျွန်းမှာ ဗြိတိန်ခရီးသွားစုံတွဲကို သတ်တယ်လို့   စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ကိုဇော်လင်းနဲ့  ကိုဇော်ဝင်းထွန်းတို့ကို ဖမ်းဆီးထားရာ ကော့စမွီကျွန်းပေါ်ကို ဦးထွန်းထွန်းထိုက်ပါအ၀င် မိဘတွေက သွားရောက်ပြီး သားဖြစ်သူနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီက အပြန်မှာ စိတ်ဝေဒနာတွေ ခံစားခဲ့ပြီး ကျန်းမာရေးစစ်ဆေးရာ ဦးနောက်မှ အကြိတ်ရှိတဲ့အတွက် ခွဲစိတ်ကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ကွယ်လွန်ချိန်မှာတော့ ကိုဝင်းဇော်ထွန်းက ကော့စမွီကျွန်းက ထောင်မှာ ထိန်းသိမ်းခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013