DVB Logo
Home
မြန်မာသတင်း
အန္တရာယ်ရှိစာသင်ကျောင်း ထောင်ချီရှိနေဟု ဒုဝန်ကြီး ဦးသန့်ရှင်းပြောကြား
DVB
·
May 13, 2015
အန္တရာယ်ရှိစာသင်ကျောင်း ထောင်ချီရှိနေဟု ဒုဝန်ကြီး ဦးသန့်ရှင်းပြောကြား
1 / 5
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ ပြုပြင်ဖို့လိုအပ်တဲ့ အန္တရာယ်ရှိစာသင်ကျောင်းနဲ့ ဥပဓိရုပ်မကောင်းတဲ့ ကျောင်းပေါင်း ၇၈၀၀ ကျော်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက ပြောပါတယ်။

လက်ရှိအချိန်မှာ စိစစ်အတည်ပြုပြီးတဲ့ အခြေခံပညာဦးစီးဌာနအောက်ရှိ အန္တရာယ်ရှိကျောင်းနဲ့ ဥပဓိရုပ် မကောင်းတဲ့ ကျောင်းအရေအတွက် စုစုပေါင်း ၇၈၈၇ ကျောင်းရှိတယ်လို့ မေလ ၁၃ ရက်နေ့ အမျိုးသားလွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းကို ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။

အန္တရာယ်ရှိ ကျောင်းအရေအတွက်က ၃၆၁၂ ကျောင်းနဲ့ ဥပဓိရုပ်မကောင်းတဲ့ကျောင်းက ၄၂၇၅ ကျောင်း ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါကျောင်းတွေအနက် ကျောင်းပေါင်း ၂၈၀၀ ကျော်ကို ပြုပြင်ဖို့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခေါင်းစဉ်အောက်မှာ လျာထားတင်ပြထားပြီး ကျန်ရှိနေတဲ့ ကျောင်းတွေကိုလည်း စိစစ်ပြီး ဖြည့်စွက်ရန်ပုံငွေမှာ တင်ပြဆောင်ရွက်ပေးသွားမယ်လို့ လည်းပြောပါတယ်။

၂၀၁၅-၁၆ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေနဲ့ ဖြည့်စွက်ရန်ပုံငွေမှာ မပါဝင်တဲ့ စိစစ်ပြီး အန္တရာယ်ရှိကျောင်းနဲ့ ဥပဓိရုပ်မကောင်းတဲ့ကျောင်းတွေနဲ့ ထပ်မံတိုးလာတဲ့ ကျောင်းတွေကိုလည်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစပြီး ဘဏ္ဍာနှစ်အလိုက် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေခေါင်းစဉ်အောက်မှ မြို့နယ်ဦးစားပေးအလိုက် လျာထားဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

[gallery ids="92869,92870,92871,92872,92873"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013