DVB Logo
Home
မြန်မာသတင်း
ထိုင်းရှိ ရွှေ့ပြောင်း အလုပ်သမား ကလေး ၃ ပုံ ၂ ပုံ ကျောင်းတက်ခွင့်မရ
DVB
·
May 13, 2015
ထိုင်းရှိ ရွှေ့ပြောင်း အလုပ်သမား ကလေး ၃ ပုံ ၂ ပုံ ကျောင်းတက်ခွင့်မရ
Donate to DVB

ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ကလေး ၃ သိန်းကနေ ၄ သိန်းရှိတဲ့ အထဲက ၃ ပုံ ၂ ပုံဟာ ကျောင်းတက်ရောက်ခွင့်မရဘူးလို့ နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

အခြေခံ ပညာရေးအတွက် ကလေးတွေက စာရင်းပေးခဲ့ပေမယ့် အလယ်တန်းကိုတော့ ကလေး ၄ ရာခိုင်နှုန်းလောက်ကပဲ တက်ရောက်နိုင်တယ်လို့ Save the Childrenနဲ့ World Education အဖွဲ့ကို ကိုးကားပြီး သည်နေရှင်း သတင်းက ရေးပါတယ်။

အားလုံးအတွက် ပညာရေးဆိုတဲ့ ထိုင်းအစိုးရရဲ့ မူဝါဒကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေ ကျောင်းထားတာ ပိုများလာပေမယ့် ဒေသနဲ့ ကျောင်းအပေါ် မူတည်ပြီး မူဝါဒကို တသမတ်တည်း အကောင်ထည်မဖော်ဘူးလို့ ဆိုပါတယ်။

ကျောင်းမတက်ရောက်နိုင်တဲ့ အချက်တွေကတော့ ငွေကြေး၊ ဘာသာစကားနဲ့ အခွင့်အရေးကို သတိမထားမိတဲ့ အချက်တွေ ဖြစ်တယ်လို့ ဒီအဖွဲ့က လုပ်ဆောင်တဲ့ သုတေသန စာတမ်းမှာ ရေးပါတယ်။

"ရွှေ့ပြောင်းအလုပ်သမား ကလေးတွေအတွက် ပညာရေးဟာ အခြေခံ အခွင့်အရေးသာမက ထိုင်းက ရွှေ့ပြောင်းအလုပ်သမား အသိုင်းအ၀န်းကို ကောင်းမွန်တဲ့ အရည်အသွေးတွေ ပေးအပ်ပြီး လူအသိုင်းအ၀န်းထဲကို ပေါင်းစည်းစေမှာ ဖြစ်ပါတယ်”လို့ ထိုင်း Save the Children ညွန်ကြားရေးမှူး အယ်လီဆန် ဇယ်ကိုဝက်စ်က ပြောပါတယ်။

ကျောင်းမထားနိုင်တဲ့ကလေးတွေဟာ လူကုန်ကူးခံရဖို့ အန္တရာယ်ရှိသလို ဆောက်လုပ်ရေးနဲ့ လိင်လုပ်ငန်းတွေလို  အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေ လုပ်ဖို့ တွန်းပို့နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013