DVB Logo
Home
မြန်မာသတင်း
ရွှေတိဂုံကယ်တင်ရေးဖိုရမ် ရန်ကုန်တွင် လုပ်မည်
DVB
·
May 13, 2015
ရွှေတိဂုံကယ်တင်ရေးဖိုရမ် ရန်ကုန်တွင် လုပ်မည်
Donate to DVB

မြန်မာနိုင်ငံဗိသုကာအသင်းက ရွှေတိဂုံကယ်တင်ရေး ဖိုရမ်တခု ရန်ကုန်မှာ ပြုလုပ်သွားဖို့ရှိပြီး ကဏ္ဍစုံက ပညာရှင်တွေ တက်ရောက်ဆွေးနွေးကြမယ်လို့ ဗိသုကာအသင်း ဒုတိယဥက္ကဋ္ဌ ဦးမော်လင်းက ပြောပါတယ်။

Save Shwedagon Forum လို့ နာမည်ပေးထားတဲ့ ဖိုရမ်တခုကို ရန်ကုန်မှာ  မေ ၁၇ ရက်နေ့ ပြုလုပ်သွားဖြစ်ပြီး ရန်ကုန်မြို့နဲ့ ရွှေတိဂုံဘုရား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ ရေရှည်တည်တံ့ခိုင်မြဲမယ့် စီမံချက်တွေ စနစ်တကျ ချမှတ်လုပ်ဆောင်ဖို့ အဓိက ရည်ရွယ်ပြုလုပ်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်တဲ့အခါ စီမံချက် စနစ်တကျဆွဲပြီး လုပ်သင့်တယ်၊ ခွင့်ပြုသင့်တယ်ဆိုတဲ့အကြောင်း ပြောချင်တာပါ။ အဲ့ဒီနေ့ကျရင် အဓိကက ဆွေးနွေးကြမှာပါ။ ဗိသုကာတွေကလည်း ဗိသုကာအမြင်ပေါ့ အင်ဂျင်နီယာကလည်း အင်ဂျင်နီယာအမြင်၊ ငလျင်ကလဲ ငလျင်နဲ့ပတ်သက်လို့ အန္တရာယ်ရှိတဲ့အပိုင်း၊ ရေအရင်းအမြစ်ကလည်း ရွှေတိဂုံပတ်ဝန်းကျင်မှာ ရေအောက်ရေထုတ်တာများတာဟာ ရွှေတိဂုံပတ်ဝန်းကျင်မှာ ဖြစ်နေတယ်၊ ဒါ ရွှေတိဂုံစေတီတော်ကြီးကိုပါ ထိခိုက်နိုင်တယ်ဆိုတဲ့အကြောင်းပေါ့။”

ဆိုင်ရာဆိုင်ရာ ပညာရပ်နယ်ပယ်အသီးသီးက ပညာရှင်တွေ ပြောဆိုဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဗိသုကာအသင်းအနေနဲ့ SAVE YANGON ဆိုတဲ့ ဖိုရမ်တခု ပြုလုပ်ခဲ့ဖူးပြီး အဲ့ဒီ ဖိုရမ်အပြီးမှာ နိုင်ငံတော်သမ္မတထံ အကြံပြုစာတစောင် ပေးပို့ခဲ့ဖူးပြီး ဒီတကြိမ်ဖိုရမ်ပြီးရင်လည်း အလားတူ အကြံပြုစာတစောင်ပေးပို့သွားမှာ ဖြစ်ပါတယ်။
သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက ရွှေတိဂုံဘုရားအနီး မြို့ပြစီမံကိန်းတခု တည်ဆောက်ဖို့ ကုမ္ပဏီတခုကို ခွင့်ပြုထားတာနဲ့ပတ်သက်လို့ ရွှေတိဂုံဘုရားပြိုကျပျက်စီးမှာ စိုးရိမ်တဲ့ ပြည်သူတွေရဲ့ ဝေဖန်မှုတွေ အများအပြား ထွက်ပေါ်နေတုန်း အခု ရွှေတိဂုံကယ်တင်ရေး ဖိုရမ်လုပ်မယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013