DVB Logo
Home
မြန်မာသတင်း
ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု ၁၂ နှစ်အတွင်း ၄ ဆခန့်မြင့်တက်
DVB
·
May 13, 2015
ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု ၁၂ နှစ်အတွင်း ၄ ဆခန့်မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှုတွေကြောင့် လူသေဆုံးတာဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ၁၂ အတွင်းမှာ ၄ ဆလောက်မြင့်တက်လာပါတယ်။

၂၀၀၃ ခုနှစ်က ယာဉ်တိုက်မှုပေါင်း ၅၃၀၀ ကျော်ဖြစ်ခဲ့ပြီး သေဆုံးသူက ၁၁၀၀ ကျော်ရှိပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ယာဉ်တိုက်မှု  ၁ သိန်းခွဲလောက်ဖြစ်ခဲ့ပြီး သေဆုံးသူက ၄၃၀၀ ကျော်ဖြစ်ပါတယ်။

ဒါဟာ လူသေဆုံးမှုများလာသလို သေဆုံးနှုန်းလည်း များလာတာလို့ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးရဲ့ အချက်အလက်တွေက သိရပါတယ်။

၂၀၀၃ ခုနှစ်မှာ မှတ်ပုံတင်ယာဉ်စီးရေ ၄ သိန်း ၇ သောင်းကျော်ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ ၄၉ သိန်းကျော် ရှိလာပါတယ်။ ယာဉ်စီးရေနဲ့ နှိုင်းယှဉ်ကြည့်ရင် ယာဉ်တိုက်မှုဖြစ်နှုန်းနည်းသွားတယ်လို့ဆိုနိုင်ပေမယ့် ယာဉ်တိုက်မှု ကြောင့်လူသေဆုံးမှုနှုန်းက သိသိသာသာပိုလာတာပါ။

၂၀၀၃ ခုနှစ်မှာ လူ ၁ သိန်းမှာ သေဆုံးမှုနှုန်း ၂.၂ ရာခိုင်နှုန်းပဲရှိခဲ့ပေမယ့် ၂၀၁၄ ခုနှစ်မှာတော့ ၆.၅ ရာခိုင်နှုန်း ရှိလာတာမို့ ၃ ဆ မြင့်လာပါတယ်။

ယာဉ်တိုက်မှုတွေကြောင့် လူသေဆုံးရာမှာ နှစ်ဘီးတပ်ယာဉ်တွေကြောင့် အများဆုံးဖြစ်ပြီး စုစုပေါင်းရဲ့ ၄၄ ရာခိုင်နှုန်းကျော်ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013