DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများကို အများပြည်သူရှေ့မှောက် တရားစီရင်ခွင့်ပြု
DVB
·
May 12, 2015
သပိတ်မှောက်ကျောင်းသားများကို  အများပြည်သူရှေ့မှောက် တရားစီရင်ခွင့်ပြု
1 / 9
Donate to DVB

ဖမ်းဆီးခံ သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို ဒီကနေ့ သာယာဝတီမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာမှာ အများပြည်သူရှေ့တရားစီရင်ခွင့်ရရှိခဲ့ တယ်လို့ တရားလွှတ်တော်ချုပ်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ဆရာတို့က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉ (ခ)အရ အများပြည်သူရှေ့မှောက်မှာ တရားစီရင်ခွင့် ရဖို့ တောင်းဆိုတာ ရပါတယ်။ ခွင့်ပြုတယ်။ ဒါပေမယ့် ရုံးရဲ့နေရာအခက်အခဲအရ အကုန်လုံးတော့ ရုံးထဲဝင်လို့မရသေးဘူး။ တရားခွင်ထဲအထိ တံခါးဖွင့်ပြီးတော့ မီဒီယာနဲ့ မိသားစုဝင်တချို့ဝင်နိုင်တယ်။ ကျန်တဲ့မိသားစုက ကျန်သေးတယ်။ ဒါက ရုံးရဲ့အနေအထားရ နဲ့လုံခြုံရေးအရရော။ နောက်ချိန်းတွေမှာတော့ ဒီ့ထက်ပိုပြီးတော့ ရလာမယ်လို့ မျှော်လင့်တယ်။ ဒါကတော့ ဒီကနေ့အတွက် ထူးခြားချက်ပဲ။”

ဒီကနေ့ တရားခွင်မှာ တရားလိုပြသက်သေအဖြစ် လက်ပံတန်းက ရဲမှူး ဘုန်းမြင့်ကို စစ်ဆေးခဲ့ပြီး ရွှေဘိုခရိုင် အခြေခံပညာကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ မောင်အောင်မင်းခိုင်ကို တော့ သက်မပြည့်သေးတဲ့အတွက် အာမခံပေးပြီး ကလေးသူငယ်တရားရုံးမှာ သီးခြား စစ်ဆေးခဲ့ပါတယ်။

ကျောင်းသား ၁၁ ယောက်နဲ့ ၀န်းရံပြည်သူ ဒေါ်သန်းအေးနဲ့ ကိုကျော်ဇောခိုင် စုစုပေါင်း ၁၃ ဦး ကို လွှတ်ပေးဖို့ အာမခံ ထင်ထားပေမယ့်လို့လည်း ဦးသိန်းသန်းဦးက ပြောပါတယ်။

“ကျောင်းသား ၁၁ ယောက်အမခံတင်ထားတာတော့ အဖြေမပေးသေးပါဘူး။ အထောက် အထား တွေ ထပ်တင်ပြတယ်။ ဒေါ်သန်းအေးနဲ့ ကျော်ဇော်ခိုင်ဆိုတာ ၂ ယောက် ထပ်တင်တယ်။ အဲဒါတွေကတော့ လာမယ့် ရုံးချိန်းမှ လျှောက်လဲချက်ပေးရပါမယ်။ ”

သာယာဝတီထောင်မှာ ထိန်းသိမ်းခံနေရတဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေနဲ့ ၀န်းရံသူ ၇၀ ကျော်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၅ ခုနဲ့ တရားစွဲထားတာဖြစ်ပြီး လာမယ့် မေလ ၂၆ ရက်နေ့မှာ ရုံးပြန်ချိန်းဆိုထားပါတယ်။

တရားစွဲဆိုထားတဲ့ ပုဒ်မ တွေကတော့ ပုဒ်မ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတခုတွင် ပါဝင်သူ)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင်ပါဝင်နေခြင်း)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ ပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းအား ၀တ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျှောက် နာကျင်စေမှု)၊ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) တွေဖြစ်ပါတယ်။

ဒီကနေ့ တရားခွင်မှာတော့ ဂျာမန်၊ ပြင်သစ်၊ အီးယူ၊ အမေရိကန်စတဲ့သံရုံးက နိုင်ငံတကာက သံတမန်တွေ တက်ရောက်နားထောင်ခွင့်ရရှိခဲ့ပြီး ကျောင်းသားခေါင်းဆောင်တချို့နဲ့လည်း စကားပြောခွင့်ရရှိခဲ့ပါတယ်။

ကျောင်းသားတွေ အကြမ်းဖက်ဖြိုခွင်းခံရတာနဲ့ ပတ်သက်ပြီး ကျောင်းသားတွေနဲ့ မိဘတွေက ရဲနဲ့ ပညာရေးဌာနကို တရားပြန်စွဲချင်တဲ့အတွက် မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ၇ ဦးပါ အလုပ်အဖွဲ့ဖွဲ့စည်းပြီး ဥပေဒကြောင်းအရ တရားပြန်စွဲဆိုနိုင်ရေး ဆောင်ရွက်နေတယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
[gallery ids="92719,92720,92721,92722,92723,92724,92725,92726,92727"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013