DVB Logo
Home
မြန်မာသတင်း
သာယာဝတီထောင်က ပြန်လွတ်လာသည့် ရွှေဘိုခရိုင် အကသ ကျောင်းသားခေါင်းဆောင် မောင်အောင်မင်းခိုင်နှင့် အင်တာဗျူး (ရုပ်သံ)
DVB
·
May 12, 2015
သာယာဝတီထောင်က ပြန်လွတ်လာသည့် ရွှေဘိုခရိုင် အကသ ကျောင်းသားခေါင်းဆောင် မောင်အောင်မင်းခိုင်နှင့် အင်တာဗျူး (ရုပ်သံ)
Donate to DVB

ဖမ်းဆီးခံ သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို ဒီကနေ့ သာယာဝတီမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာမှာ ရွှေဘိုခရိုင် အခြေခံပညာကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ မောင်အောင်မင်းခိုင်ကို အသက်မပြည့်သေးတဲ့အတွက် အာမခံနဲ့ ပြန်လွှတ်ပေး လိုက်ပါတယ်။

ပြန်လွတ်လာတဲ့ မောင်အောင်မင်းခိုင်က “ကျနော်တို့ အာမခံ ၁၃ ယောက် လျှောက်တာမှာ ကျနော် တယောက်ပဲရသေးတယ်။ တခြား ကျနော့်လို အသက်မပြည့်သေးသူတယောက် ကျန်သေးတယ်။ ကျနော်လည်း ကလေးသက်ငယ်တရားရုံးမှာ တယောက်တည်း သပ်သပ်စစ်ဦးမယ်။ စွဲထားတဲ့ ပုဒ်မတွေကတော့ အရင်အတိုင်းပဲ စွဲထားသေးတယ်။ ၅၀၅(ခ)က မပြုတ်သေးဘူး။ အသက်မပြည့်သေးလို့ အာမခံပေးတာလို့ ပြောတယ်”လို့ ပြောပါတယ်။

လက်ပံတန်းမှာ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရစဉ်ရခဲ့တဲ့ ဒဏ်ရာတွေလည်း ခုထိမကျက်သေးပဲရှိနေဆဲဖြစ်ပြီး ဦးခေါင်းက ဒဏ်ရာကတော့ ပျောက်လုနီးရှိနေပြီလို့ အသက် ၁၆ နှစ်အရွယ် မောင်အောင်မင်းခိုင်ကပြောပါတယ်။

မောင်အောင်မင်းခိုင်အပြင် ပြည်မြို့က ဖိုးသားဆိုသူကိုလည်း အသက်မပြည့်သေးတဲ့အတွက် အာမခံနဲ့လွှတ်ပေးထားတယ်လို့လည်း ဆိုပါတယ်။

မောင်အောင်မင်းခိုင်ကို ဒီအမှုတွေနဲ့ ကလေးသူငယ်ဥပဒေအရ သီးခြားပြန်လည်စစ်ဆေးရ မယ်လို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ကလေးက အသက်မပြည့်သေးတဲ့ ကလေးဖြစ်နေတဲ့အတွက် သူ့ကို နုတ်ပယ်ပြီးတော့မှ ကလေးသူငယ်အမှုအနေနဲ့ ဖွင့်ရမှာဖြစ်ပါတယ်။”

ဒီကနေ့ ရုံးချိန်းမှာ နိုင်ငံတကာက ဂျာမန်၊ ပြင်သစ်၊ အီးယူ၊ အမေရိကန်၊ စတဲ့သံရုံးက သံတမန်တွေ တက်ရောက်ပါတယ်။ ဒါ့အပြင် မိသားစုဝင်တချို့နဲ့ သတင်းထောက်တွေကလည်း တရားခွင်အတွင်းမှာ ၀င်ရောက်နားထောင်ခွင့်ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013