DVB Logo
Home
မြန်မာသတင်း
လူထုဆန္ဒရယူရန် ကရင်နီညီလာခံ ကျင်းပမည်
DVB
·
May 12, 2015
လူထုဆန္ဒရယူရန် ကရင်နီညီလာခံ ကျင်းပမည်
Donate to DVB

ကယား (ကရင်နီ) ပြည်နယ်ထဲက အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ ညီလာခံကြီး တခု လာမယ့်လပိုင်းအတွင်း ကျင်းပနိုင်ဖို့ စီစဉ်နေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ကပြောပါတယ်။

ဒီညီလာခံမှာ ပြည်နယ်ထဲမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ အားလုံးပါဝင်မှာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးအလွန် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် ပြည်နယ်ကိုယ်စားပြု ဘုံသဘော တူညီချက်ရယူဖို့ ရည်ရွယ်တယ်လို့ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ အတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“အစိုးရပြောနေတဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးပြီးလို့ ဖြစ်ပေါ်လာမယ့် နိုင်ငံရေးဆွေးနွေး ပွဲတွေကျရင် ကျနော်တို့အနေနဲ့ လူထုဆီကနေလာတဲ့ သဘောထားတွေပေါ် အခြေခံပြီး ဆွေးနွေးမှာဖြစ်တယ်။ ဒါကြောင့် အရင်ဆုံး လူထုတွေ့ ဆုံဆွေးနွေးပွဲ ၃ နေရာလောက် ခွဲလုပ်မယ်။ အဲဒီကတဆင့် ညီလာခံကြီးလုပ်ပြီး ကရင်နီတမျိုးသားလုံး ဘုံသဘောထား ရပ်တည်ချက် ရယူဖို့ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ညီလာခံကို ဒီမေလ ဒါမှမဟုတ် ဇွန်လထဲမှာ လုပ်ဆောင်နိုင်ဖို့ ကျင်းပရေးကော်မတီက အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပပြီး ကြိုတင် ပြင်ဆင်ဆောင်ရွက်နေပါတယ်။

ညီလာခံကျင်းပမယ့် ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကကျင်းပတဲ့ ကေအန်ပီပီရဲ့ ၁၂ ကြိမ်မြောက်ပါတီကွန်ကရက်နှစ်ပတ်လည် ဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ကယားပြည်နယ် မြို့တော် လွိုင်ကော်မှာကျင်းပဖို့လျာထားခဲ့တာလည်း ဖြစ်ပါတယ်။

ပထမဆုံးအကြိမ် ကျင်းပမယ့် ဒီညီလာခံမှာ အပစ်အခတ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ ၊ နိုင်ငံရေးပါတီ ၆ ပါတီ နဲ့ အရပ်ဘက်အဖွဲ့အစည်း၊ လူထုအခြေပြုအဖွဲ့အစည်းပေါင်းတွေ အပြင် ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းပေါင်းစုံပါဝင်မှာဖြစ်တယ်လို့ ကေအန်ပီပီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013