
မန်ချက်စတာစီးတီး လက်ထောက်နည်းပြ ပက်လင်ဒါးစ်ဟာ နည်းပြချုပ် ဂွါဒီယိုလာနဲ့အတူ အသင်းကနေ ထွက်ခွာသွားခဲ့ပြီးနောက် ဂွါဒီယိုလာရဲ့ စေ့စပ်လွန်းတဲ့ လုပ်ငန်းခွင်အခြေအနေတွေကို ဖွင့်ဟခဲ့ပါတယ်။
နယ်သာလန်က မိသားစုကို အချိန်ပေးဖို့ ထွက်ခွာခဲ့တာဖြစ်ပြီး၊ မနှစ်က ဂွါဒီယိုလာက သူ့ကိုခေါ်စဉ်က အိုင်ဒီယာသစ်တွေ ပေးဖို့၊ ပိုပြီးပြင်းထန်တဲ့ ဖိအားပေး တိုက်စစ်ဆင်မှုကစားကွက် ပုံဖော်ဖို့နဲ့ လေ့ကျင့်ရေးကွင်းမှာ ဆန်းသစ်မှုတွေလုပ်ဖို့ စတဲ့ အချက် ၃ ချက်ကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
လင်ဒါးစ်က ဂွါဒီယိုလာဟာ ဗျူဟာဆွဲရာမှာ နှလုံးခွဲစိတ်ဆရာဝန်တယောက်လို အလွန်အမင်း စေ့စပ်သေချာလွန်းသူ ဖြစ်တယ်လို့ တင်စားခဲ့ပါတယ်။
အခုအခါမှာတော့ လင်ဒါးစ် အပါအဝင် နည်းပြအဖွဲ့ဝင် ၅ ယောက်စလုံး မန်စီးတီးကနေ ထွက်ခွာခဲ့ကြပြီဖြစ်လို့ နည်းပြသစ် မာရက်စ်ကာကတော့ သူ့ရဲ့ ကိုယ်ပိုင်အဖွဲ့နဲ့အတူ အီတီဟတ်ဒ်ဆီ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။










