DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် လှေစီး ဒုက္ခသည် ၅၀၀ အင်ဒိုနီးရှား ဆိုက်ကပ်
DVB
·
May 11, 2015
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် လှေစီး ဒုက္ခသည် ၅၀၀ အင်ဒိုနီးရှား ဆိုက်ကပ်
1 / 4
Donate to DVB

မေ ၁၀ ရက်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကလာတဲ့ ဘင်္ဂလီ ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၅၀၀ လောက်ဟာ အင်ဒိုနီးရှား အနောက်ဖက် အာချေး ကမ်းခြေကို လှေတွေနဲ့ ဆိုက်ကပ်ခဲ့ပါတယ်။

ပထမ အသုတ် စီးလာတဲ့ လှေမှာ ရိုဟင်ဂျာ ၄၃၀ လောက် ရှိပြီး နောက်အသုတ်မှာ ၇၀ ရှိ တယ်လို့ ဂျာကတာက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီအထဲမှာ မိန်းကလေး ၉၈ ယောက်နဲ့ ကလေး ၅၁ ယောက်ပါဝင်ပါတယ်။

အစားအစာနဲ့ ရေပြတ်လပ်တာတွေကြောင့် လူ ၅၀ လောက် ဖျားနာပြီး ဆေးဝါးကုသပေးဖို့ ဆေးရုံကို ပို့ထားတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

သူတို့တွေဟာ လှေပေါ်မှာ ၂ လ နီးပါးကြာခဲ့ပြီး စားစရာတွေမရှိဘဲ ဆုတောင်းတာက လွဲပြီး ဘာမှလုပ်လို့ မရဘူးလို့ သူတို့တွေရဲ့ အတွေ့အကြုံကိုပြောပါတယ်။

“ကျနော်တို့ ပင်လယ်ပင်မှာ နှစ်လလောက်ကြာခဲ့ရပါတယ်။ လှေတစီးမှာ လူ ၂၀၀ လောက်ဆန့်တယ်၊ ကျနော် တို့ လှေ ၃ စီးမှာ လူဦးရေ ၅၀၀ ကျော်လောက်ပါပါတယ်။ ကျနော်တို့ မလေးရှားကိုသွားပြီး ပိုက်ဆံ ရှာဖို့ ဖြစ်ပါတယ်” လို့ လှေစီးဒုက္ခသည် တဦးက ပြောပါတယ်။

အင်ဒိုနီးရှားအာဏာပိုင်တွေကတော့ လွန်ခဲ့တဲ့ အပတ်လောက်ကတည်းက ထိုင်းကနေ ထွက်လာတာဖြစ်နိုင်ပြီး လမ်းမှာ သေဆုံးသွားတဲ့သူတွေရှိတယ်လို့ ပြောပါတယ်။ တချို့ကလည်း သူတို့ မလေးရှားရောက်နေပြီလို့ မှတ်ထင်နေပါတယ်။

ထိုင်းနဲ့ မလေးရှားနိုင်ငံတွေက လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်နေတဲ့ အတွက် လှေစီး ဒုက္ခသည် ၇ ထောင်ကနေ ၈ ထောင် လောက်စီးလာတဲ့ လှေတွေဟာ မာလာကာ ရေလက်ကြားမှာ ကမ်းမကပ်နိုင်ဘဲ အခက်ကြုံ နေရတယ်လို့ အာရကန် ပရောဂျက် ဒါရိုက်တာ ခရစ္စလေးဝါးက ကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းအာဏာပိုင်တွေက ထိုင်း မလေးနယ်စပ် တောထဲမှာ ဘင်္ဂလီ ရိုဟင်ဂျာတွေကို ထားရှိတဲ့ စခန်း ၉ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး အလောင်း ၃၀ ကျော်ကိုလည်း ဖော်ထုတ်စစ်ဆေးတာတွေပြုလုပ်ခဲ့ ပါတယ်။

လူကုန်ကူး တရားခံအဖြစ် သံသယရှိသူ ၈ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပြီး အမှုနဲ့ ပတ်သက်နိုင်သူ ၁၀ ဦးကိုလည်း ဖမ်းဝရမ်း ထုတ်ထားပါတယ်။

မေ ၈ ရက် ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စာရင်းတွေမှာ အခုနှစ် ပထမ ၃ လပတ်အတွင်းမှာ လူပေါင်း ၂ သောင်း ၅ ထောင်လောက်ဟာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော်ပြီး နေရာ ပြောင်းရွှေ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

[gallery ids="92563,92565,92564,92566"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013