DVB Logo
Home
မြန်မာသတင်း
ဘတ် ၁၀၈ သန်း တင်တောင်းခံရသည့် ထိုင်းမင်းသမီးနှင့် သူဌေးသားတို့ မင်္ဂလာပွဲကျင်းပ
DVB
·
May 11, 2015
ဘတ် ၁၀၈ သန်း တင်တောင်းခံရသည့် ထိုင်းမင်းသမီးနှင့် သူဌေးသားတို့ မင်္ဂလာပွဲကျင်းပ
1 / 7
Donate to DVB

ထိုင်းရုပ်ရှင်သရုပ်ဆောင် ချူမ်းဖူး အာရယာ နဲ့ လုပ်ငန်းရှင်သူဌေးသား နွတ် ၀ိဆရုတ်ရန်း ဆီဆိန်ဖိမ်းတို့ရဲ့ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကို မေလ ၁၀ ရက် ည ၆ နာရီမှာ အန်တီနီ ဘန်ကောက် ပလာဇာမှာ ကျင်းပခဲ့ပါ တယ်။

ဧည့်ခံပွဲ မတိုင်ခင် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး သတင်းထောက်နဲ့ ပရိသတ်တို့ သိလိုသမျှ ကို သတို့သားရော သတို့သမီးပါ ဒိုင်ခံဖြေကြားခဲ့ပါတယ်။

ဒီမင်္ဂလာပွဲဟာ သူတို့ဘ၀အတွက် တသက်လုံး အမှတ်ရစေဖို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ် လို့ နွတ် က ပြောပါတယ်။

သတို့သမီးကို ဘတ် ၁၀၈ သန်းတင်တောင်းတဲ့ ကိစ္စဟာ သူတို့တရုတ်မျိုးနွယ်တွေက ၈ ဂဏန်းကို နှစ်သက် လို့ဖြစ်ကြောင်း၊ ဒါပေမယ့် သန်း ၂၀၀ တောင်မပြည့်ပါဘူး လို့ သတို့သားကပြောကြောင်း၊ ချူမ်းဖူးက ၈ ဂဏန်း ကြိုက်ရင် သန်းပေါင်း ၈၈၈နဲ့ တင်လဲရတယ်လို့ ကျီစယ်ပြီး နွတ်က ဒီလောက်တော့ တတ်နိုင်မယ် မထင်လို့ ပြောခဲ့ပါတယ်။

အဲဒီနေ့မှာ သတိုးသမီး ၀တ်စုံ ၂ စုံလဲလှယ်ပြီး လွန်ခဲ့တဲ့ နှစ် ၈ လပိုင်းကတည်းကကြို တင်အော်ဒါမှာထားကာ ကုန်ကျစရိတ်ကိုတော့ ဒဏ္ဍာရီမဆန်ချင်လို့ မပြောတော့ ဘူးလို့ ချူမ်းဖူးက ပြောပါတယ်။

သူတို့သားကို ဘယ်လိုရွေးသလဲဆိုတဲ့ မေးခွန်းကိုတော့ သူဟာ စိတ်သဘောထားကို ဆန်းစစ်ပြီးမှ လက်ခံ ခဲ့ကြောင်း၊ နွတ်ဟာ သူ့ဆီက ကောင်းမွန်တဲ့အချက်တွေ ထွက်လာအောင် ဆွဲထုတ်ခဲ့သူဖြစ်ပြီး သူ့ကို ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင် သူလို့ ဖြေပါတယ်။

သတို့သားကို မေးရာမှာတော့ အရင်က သူမသိဖူးတဲ့ အရာတွေကို ချူမ်းဖူးက သင်ပေးခဲ့ကြောင်း၊ သူဟာ ကြီးမားတဲ့ လုပ်ငန်းတွေဆောင်ရွက်ရင် အသေးစိတ်ကို ကျော်သွားလေ့ရှိတာကို ချူမ်းဖူးက အသေးစိတ်တွေပါ အရေးကြီးကြောင်း လမ်းပြခဲ့သလို ချူမ်းဖူးကြောင့် သူ့လုပ်ငန်းတွေ အရင်ထက်ပိုတိုးတက်ပြီး ဘ၀က ပိုပြည့်စုံ လာတယ် လို့ ဖြေပါတယ်။

သားသမီးဘယ်နှစ်ယောက်ယူမလဲလို့ သတင်းထောက်တွေမေးရာမှာ နွတ်က ဘော်လုံးတသင်းစာ လိုချင် တယ်လို့ ပြောခဲ့ပါ တယ်။

နောက်ကို ရုပ်ရှင်တွေ ဆက်ရိုက်ဦးမလားလို့ ချူမ်းဖူးကို မေးရာမှာ ဆက်ရိုက်မှာ ဖြစ်ပေမယ့် အရင်လို တပတ်ကို ၇ ရ ရက် ၈ ရက်လုံး မလုပ်တော့ဘဲ မိသားစုကိုလည်း အချိန်ပေးရမှာ ဖြစ်တယ်လို့ ဖြေပါတယ်။

ဧည့်ခံပွဲကို ဖိတ်စာပေါင်း တစ်ထောင့်ငါးရာ ဝေငှခဲ့တယ်လို့ ဆိုပါတယ်။

(သတင်း ဓာတ်ပုံ upyim.com)

[gallery ids="92551,92552,92553,92554,92555,92556,92557"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013