DVB Logo
Home
ရွေးကောက်ပွဲ
ရွေးကောက်ပွဲ သတင်းတိုများ
DVB
·
May 10, 2015
ရွေးကောက်ပွဲ သတင်းတိုများ
Donate to DVB

ရွေးကောက်ပွဲ အသိပညာပေးရေး အန်အယ်လ်ဒီစတင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့  ရွေးကောက်ပွဲ အသိပညာဖြန့်ဝေပေးရေးနဲရွေးကောက်ပွဲဆိုင်ရာ အခြေခံဥပဒေ သဘောတရားတွေ ဟောပြောမယ့်  အစီစဉ်တွေကို မြန်မာနိုင်ငံအနှံ့မှာ စတင် ဆောင်ရွက်နေပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ပြည်သူတွေသိသင့်တဲ့ အရေးကြီးအချက်တွေ ဥပဒေတွေကို နားလည်လွယ်မယ့် စကားနဲ့ စာအုပ်ပြုစုပြီး ဥပဒေအထောက်အကူပြုအဖွဲ့မှ တိုင်းနဲ့ပြည်နယ်အလိုက် အဖွဲ့ခွဲပြီး သွားရောက်ဟောပြောမှာဖြစ်ပါတယ်။

“တချို့လည်းသွားနေကြပါပြီ၊ တချို့လည်း သွားဖို့လုပ်နေကြပါတယ်။ သွားပြီးတော့ ဥပဒေမှာရှိနေတဲ့ ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်တာတွေကို ပို့ချတယ်။ဆွေးနွေးတယ်။ ဒါတွေလုပ်နေပါတယ်” လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ရွေးကောက်ပွဲ ၀င်မ၀င် နိုင်ငံရေးအခြေအနေပေါ် မူတည်ဆုံးဖြတ်မည်ဟု အက်စ်အန်အယ်လ်ဒီပြော

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ မဝင်ဖို့ကို အခုလောလောဆယ် မဆုံးဖြတ်ထားပဲ ရွေးကောက်ပွဲနီးလာမှသာ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။

“ပါတီဗဟိုကော်မတီနေနဲ့လည်း ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မချသေးပါဘူး။ မဝင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်လည်းမချရသေးပါဘူး။ ရွေးကောက်ပွဲနဲ့ပတ်သတ်တဲ့ဆုံးဖြတ်ချက် လုံးဝ မရှိသေးပါဘူး။ နီးကပ်လာမှသာ နိုင်ငံရေးအရဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်” လို့ ပါတီအထွေထွေအတွင်း ရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီအစည်းအဝေး  မေလအတွင်း ကျင်းပမည်

၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးဗျူဟာတွေ ချမှတ်ဖို့အတွက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အစည်းအဝေးကို မေလအတွင်းမှာ ကျင်းပ သွားမှာဖြစ်ပါတယ်။

အဲ့ဒီအစည်းအဝေးမှာ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းနဲ့ မဲဆန္ဒနယ်တွေကို အတည်ပြုမှာဖြစ်ပါတယ်။

“မဲရွေးတဲ့အခါမှာ နှလုံးသားနဲ့ စဉ်းစားတာလားစဉ်းစားပေါ့ ဦးနှောက်နဲ့လည်း စဉ်းစားဖို့လည်းလိုပါတယ်။ အမြင်ကျယ်ကျယ်စဉ်းစားဖို့လိုပါတယ်။ မဲတပြားဟာ အရေးကြီးပါတယ်” လို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဦးအောင်သိန်းလင်းက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013