DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်စာချုပ်မူကြမ်းတွင် အတူတကွလက်မှတ်ထိုးရန် ပါရှိဟု ဦးခွန်ဥက္ကာပြော
DVB
·
May 10, 2015
အပစ်ရပ်စာချုပ်မူကြမ်းတွင် အတူတကွလက်မှတ်ထိုးရန် ပါရှိဟု ဦးခွန်ဥက္ကာပြော
Donate to DVB

အစိုးရနဲ့လက်မှတ်ထိုးထားတဲ့ အပစ်ရပ်မူကြမ်းစာချုပ်ထဲမှာ အတူတကွ လက်မှတ်ရေးထိုးဖို့ ဆိုတဲ့ အချက်တခု ပါရှိတယ်လို့ အန်စီစီတီအဖွဲ့ဝင် ဦးခွန်ဥက္ကာက ပြောပါတယ်။

မေလ ၉ ရက်မှာ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းက ပထမအဆင့်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့ အပစ်ရပ်ရေး လက်မှတ်ရေးထိုးနိုင်ဖို့ လုပ်ဆောင်မှာ ဖြစ်ပြီး တိုက်ပွဲဖြစ်နေတဲ့ ကိုးကန့်၊ ရခိုင့်တပ်မတော်နဲ့ တာအာင်း ပလောင်အဖွဲ့တွေကို နောက်ချန်အနေနဲ့ ဆွေးနွေးမယ်လို့ မီဒီယာကို ပြောဆိုချက်နဲ့ပတ်သက်ပြီးဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“ကျနော်တို့ရဲ့ အန်စီအေ (အပစ်ရပ်စာချုပ်မူကြမ်း) ထဲမှာပါတဲ့ ပြဋ္ဌာန်းချက်တခုက အတူတကွ လက်မှတ်ရေးထိုရန်ဆိုပြီး သုံးထားတယ်၊ တပြိုင်နက်တော့ မဟုတ်ဘူး၊ တချိန်တည်း တပြိုင်တည်းတော့ မဟုတ်ဘူး၊ အတူတကွလက်မှတ်ရေးထိုးရန်ဆိုတဲ့ စကားလုံး အရဆိုရင် စာချုပ်ထဲမှာပါဖို့လိုတယ်။ ဒါပေမယ့် တချိန်တည်း၊ တပြိုင်တည်း ထိုးသလား မထိုးဘူးလားနဲ့ အတူတကွ ပါတာနဲ့ အဓိပ္ပာယ်က နည်းနည်းကွာတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရနဲ့အပေးအယူလုပ် ညှိနှိုင်းပြောဆိုရဦးမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၀ဒေသ ပန်ဆန်းစည်းဝေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံးက အပစ်ရပ်လက်မှတ်ထိုးတဲ့အခါ အဖွဲ့အားလုံးပါဝင်လက်မှတ်ထိုးဖို့ ဆုံးဖြတ်ချက်ချထားခဲ့တာဖြစ်ပါတယ်။

အစိုးရကတော့ သူနဲ့ဆွေးနွေးလက်စ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ခုနဲ့ပဲ တနိုင်ငံလုံးအပစ်ရပ်လက်မှတ်စာချုပ် လက်မှတ်ထိုးမယ်လို့ ပြောဆိုနေတာပါ။

တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အလုပ်အဖွဲ့ အန်စီစီတီထိပ်သီးစည်းဝေးပွဲကို မေလနောက်ဆုံးပတ်အတွင်း ကရင်ပြည်နယ်၊လော်ခီးလာမှာ ကျင်းပပြုလုပ်ဖို့ရှိပြီး အဲ့ဒီထိပ်သီးစည်းဝေးပွဲ ဆုံးဖြတ်ချက်နဲ့ အစိုးရနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးပြီး အပြီးသတ်လက်မှတ်ထိုးကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013