DVB Logo
Home
မြန်မာသတင်း
အာရှတွင် မြန်မာက မိခင်များ ရှင်သန်နေထိုင်ရေး အခက်ခဲဆုံးနေရာတခုဖြစ်
DVB
·
May 10, 2015
အာရှတွင် မြန်မာက မိခင်များ ရှင်သန်နေထိုင်ရေး အခက်ခဲဆုံးနေရာတခုဖြစ်
Donate to DVB

အာရှဒေသမှာ မြန်မာနိုင်ငံဟာ မိခင်တွေ ရှင်သန်နေထိုင်ဖို့ အခက်ခဲဆုံးနေရာတခုဖြစ်တယ်လို့ Save the Children အဖွဲ့ရဲ့ ကမ္ဘာ့မိခင်များနေ့ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

မိခင်တွေအတွက် ကမ္ဘာပေါ်မှာ အဆိုးဆုံးနဲ့ အကောင်းဆုံးနေရာတွေကို စစ်တမ်းကောက်ယူခဲ့ရာမှာ နိုင်ငံ ၁၇၉ ခုမှာ မြန်မာက အဆိုးဆုံး ၂၁ နိုင်ငံမြောက်ဖြစ်နေတာပါ။

မြန်မာနိုင်ငံရဲ့ မိခင်သေဆုံးမှုနှုန်းဟာ ၂၅၀ ယောက်မှာ ၁ ယောက်ဖြစ်ပြီး ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းကတော့ ၁၉ ယောက်မှာ တစ်ယောက်ဖြစ်ပါတယ်။

“မြန်မာနိုင်ငံက မိခင်နဲ့ ကလေးတွေရဲ့ ဘ၀ရှင်သန်ရပ်တည်ရေးက လွန်ခဲ့တဲ့နှစ်တွေကစပြီး တိုးတက်မှုတချို့ရှိခဲ့ပေမယ့် အခက်ခဲဆုံး နေရာထဲမှာပါဝင်နေဆဲ ဖြစ်ပါတယ်’’ လို့ Save the Children (မြန်မာ)ရဲ့ ကျန်းမာရေး အကြံပေး ဒေါက်တာ ခင်စပယ်မောင်က ပြောပါတယ်။

ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်လောက်က မြို့ပြတွေမှာနေလာကြပြီး ဒါက မိခင်နဲ့ကလေးတွေ ရှင်သန်ရေး အထောက်အပံ့တွေ လျော့ကျစေတယ်လို့လည်း သူက ပြောပါတယ်။

ယူဂန္ဓာ၊ အီသီယိုပီးယား၊ အီဂျစ်၊ ဂွာတီမာလာ၊ ဖိလစ်ပိုင်နဲ့ ကမ္ဗောဒီးယားက မြို့တော်တွေမှာတော့ အဆင်းရဲဆုံး မိခင်နဲ့ ကလေးတွေအတွက် အခြေခံ ကျန်းမာရေးစနစ်၊ မိခင်ကျန်းမာရေး စောင့်ရှောက်မှုတွေ တိုးတက်အောင် ဆောင်ရွက်နေ တယ်လို့လည်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ မိခင်တွေအတွက် အကောင်းဆုံးနေရာကတော့ နော်ဝေနိုင်ငံဖြစ်ပြီး စင်ကာပူကတော့ အဆင့် ၁၄ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013