DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့နှင့် အပစ်ရပ်လက်မှတ်ထိုးရေး အရင်လုပ်မည်ဟု ဦးအောင်မင်းပြော
DVB
·
May 10, 2015
တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့နှင့် အပစ်ရပ်လက်မှတ်ထိုးရေး အရင်လုပ်မည်ဟု ဦးအောင်မင်းပြော
Donate to DVB

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး မပါသေးဘဲ အစိုးရက လက်ခံထားတဲ့ အဖွဲ့တွေနဲ့  လက်မှတ်ထိုးနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်ပါတယ်။

မေလ ၉  ရက်နေ့က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲအပြီးမှာ ပြောဆိုလိုက်တာပါ။

ဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းရင်း လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီ ၆၄ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဦးအောင်မင်းက ပထမအဆင့်အဖြစ် တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့နဲ့ အပစ်ရပ်ရေး လက်မှတ်ရေးထိုးနိုင်ဖို့ လုပ်ဆောင်မှာ ဖြစ်ပြီး တိုက်ပွဲဖြစ်နေတဲ့ ကိုးကန့်၊ ရခိုင့်တပ်မတော်နဲ့ တာအန်း ပလောင်အဖွဲ့တွေကို နောက်ချန်အနေနဲ့ ဆွေးနွေးမယ်လို့ ပြောပါတယ်။

အဲဒီ အဖွဲ့ ၃ ဖွဲ့နဲ့ နှစ်ဘက် သီးခြား တရားဝင် ဆွေးနွေးရတာ မရှိသေးတာကြောင့် သူတို့ကို စောင့်ပြီး အပစ်ရပ်ရေးကို လုပ်ဆောင်ရင် စာချုပ်မှာ လက်မှတ်ထိုးဖို့ ကြန့်ကြာလာနိုင်တယ်လို့ ဦးအောင်က ပြောပါတယ်။

ကိုးကန့်၊ ပလောင်နဲ့ ရခိုင့်တပ်မတော်တို့ကို နောက်ချန် အနေနဲ့ ဆွေးနွေးမှာ ဖြစ်ပြီး အဲဒီအဖွဲ့တွေအနေနဲ့ တိုက်ပွဲတွေ ရပ်ပေးဖို့လိုတယ်လို့လည်း ဦးအောင်မင်းက ပြောပါတယ်။

ဝဒေသ ပန်ဆန်း ညီလာခံမှာတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှာ တိုင်းရင်းသား အားလုံး ပါဝင်ရမယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013