DVB Logo
Home
Lead Story
စကော့အမျိုးသားရေးပါတီအောင်ပွဲနှင့် ကျနော်စဉ်းစားမိသည်များ
DVB
·
May 10, 2015
စကော့အမျိုးသားရေးပါတီအောင်ပွဲနှင့် ကျနော်စဉ်းစားမိသည်များ
1 / 3
Donate to DVB

လက်ရှိ ယူကေရွေးကောက်ပွဲမှာ စကော့တလန်ရဲ့ မဲဆန္ဒနယ် ၅၉ နေရာမှာ စကော့ အမျိုးသားရေးပါတီ(အက်စ်အန်ပီ)က ၅၆ နေရာအနိုင်ရသွားတယ်။

ဒါဟာ စကော့အမျိုးသားရေးပါတီသမိုင်းမှာရော၊ ဗြိတိန် နိုင်ငံရေး သမိုင်းမှာပါ ကြီးမားတဲ့အလှည့်အပြောင်းကြီးတစ်ခုပါ။

၂၀၁၀ ရွေးကောက်ပွဲမှာတုန်းက ၆ နေရာပဲအနိုင်ရခဲ့တဲ့ အက်စ်အန်ပီဟာ အခု ၅၆ နေရာတောင်အနိုင်ရခဲ့ပြီး ဒါဟာ ၂၀၁၄ စကော့တလန်ခွဲထွက်ရေး ဆန္ဒခံယူပွဲရဲ့ နောက်ဆက်တွဲလို့ ပြောမယ်ဆိုရင်လည်းပြောနိုင်ပါတယ်။

တချို့ကတော့ စကော့အမျိုးသားရေးဝါဒ ခေါင်းထောင်ထလာပြီလို့ သုံးသပ်နေကြပြီး အမျိုးသားရေးဝါဒခေါင်းထောင်ထလာတာဟာ အနာဂတ်မှာ ယူကေရဲ့ပေါင်းစည်းမှုကို ထိခိုက်လာနိုင်တယ်လို့ လည်း စိုးရိမ်နေကြပါတယ်။

၂၀၁၄ စက်တင်ဘာမှာကျင်းခဲ့တဲ့ ခွဲထွက်ရေးဆန္ဒခံယူပွဲမှာ မခွဲထွက်ဘူးဆိုတဲ့အဆို အနိုင်ရခဲ့ပေမယ့် စကော့ပါတီအပေါ်ရုတ်ချည်းထောက်ခံမှုမြင့်တက်လာတာကိုကြည့်ရင် စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာပါ။

ကျနော့် အမြင်အရတော့ ၁၊ စကော့တွေဟာ ယူကေကနေ ခွဲမထွက်ဘဲ ပေါင်းစည်းနေဖို့ ဆုံးဖြတ်ထားကြပြီးသားပါ။

၂။ ဒါပေမယ့် ကိုယ့်လူမျိုးအကျိုးအတွက် ကိုယ့်လူမျိုးကပဲ/ ကိုယ့်လူမျိုးကို ကိုယ် စားပြုတဲ့ပါတီကပဲ ပိုလုပ်ပေးနိုင်မယ်လို့ ပိုပြီးယုံကြည်လာကြတယ်။

၃။ ၂၀၁၄ ဆန္ဒခံယူပွဲမှာ ခွဲထွက်ရေးကို ဦးဆောင်လှုပ်ရှားခဲ့ပေမယ့် ပြည်သူလူထုက ခွဲထွက်ရေးကို မလိုလားဘူးဆိုတာ သိတဲ့နောက် ပိုင်းမှာတော့ စကော့အမျိုးသားရေးပါတီဟာ ခွဲထွက်ရေးထက် စကော့လူမျိုးတွေရဲ့အကျိုးကို ပိုမိုဆောင်ရွက်ပေးမယ်ဆိုတဲ့အချက်ကို အဓိကထားပြီးမဲဆွယ်ခဲ့တယ်။

၎။ အကျိုးမရှိတဲ့မျက်ကန်း အမျိုးသားရေး၊ ဥာဏ်နည်းလှတဲ့ လူမျိုးရေးမုန်တီးရေးတွေကိုမပြောဘဲ သူတို့ရဲ့မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေမှာ စကော့တလန်ဘတ် ဂျတ် ပိုမိုတိုးမြှင့်ရေး၊ အလုပ်အကိုင်အခွင့်အလန်းတွေတိုးမြှင့်ရေး၊ ပညာရေးကဏ္ဍမှာပိုမို ရင်းနှီးမြှပ်နှံရေး၊ ကလေးဆင်းရဲမွဲတေမှု လျှော့ချရေး၊ ပင်စင်လစာတိုးမြှင့်ရေးစတဲ့ စတဲ့ကိစ္စတွေကို ဦးစား ပေးပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။

Sturgeon, leader of the Scottish National Party, reacts surrounded by candidates and supporters at a counting centre in Glasgow၅။ သူတို့ရဲ့ ရွေးကောက်ပွဲအတွက်ထုတ်ဝေတဲ့ ကြေညာစာတန်းမှာ လည်း စကော့အမျိုးသားရေးပါတီအနေနဲ့ခွဲထွက်ရေးကိုထောက်ခံ ပေမယ့် အခုရွေးကောက်ပွဲမှာတော့ ခွဲထွက်ရေးဆိုတာထက် စကော့တလန်ကိုပိုမိုအင်အားတောင့်တင်းရေးကိုအဓိကဦးတည် ထားပါတယ်လို့ အတိအလင်းဆိုခဲ့ပါတယ်။

၆။ နောက်ပြီး အမျိုးသား ရေးပါတီ၊ ကိုယ့်နယ်ကို ကိုယ်စားပြုထားတယ်ဆိုပေမယ့် ယူကေ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်သွားမယ်လို့ဆိုခဲ့ပါတယ်။

ဒါကိုကြည့်ရင် ကိုယ့်နယ်မြေ ဒေသ ကို အဓိကထားပေမယ့် တနိုင်ငံလုံး နိုင်ငံရေးကိုလည်း မျက်ခြေအပြတ်မခံဘူး၊ တနိုင်ငံလုံးနိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုဟာလည်း ကိုယ့်နယ်နဲ့ အများကြီး သက်ဆိုင်တယ်ဆိုတာကို သူတို့လက်ခံထားတယ်ဆို တာဟာ သိသာပါတယ်။

ဗြိတိန်ရွေးကောက်ပွဲမှာ အက်စ်အန်ပီရဲ့အောင်ပွဲခံမှုဟာ မကြာခင်ကျင်းပတော့မယ့် ကျနော်တို့ နိုင်ငံရွေးကောက်ပွဲ အတွက်အများကြီး လေ့လာစရာတွေရှိနိုင်မယ်လို့ ထင်မြင်မိပါ တယ်။

အမျိုးသားရေးပါတီအနေနဲ့ အဓိပ္ပါယ်မဲ့တဲ့၊ မရနိုင်သေးတဲ့၊ ပြည်သူတွေမလိုလားတဲ့ ခွဲထွက်ခွင့်ဆိုတာကြီးကို တရားသေ မဆုပ်ကိုင်ထားဘဲ၊ ကိုယ့်လူမျိုး၊ ကိုယ့်နယ်အတွက် အကျိုးရှိတာ ကိုအဓိကထားမဲဆွယ်စည်းရုံးခဲ့တယ်။

UK Ballot 1မဲဆွယ်တဲ့နေရာမှာလည်း လူမျိုးရေးမုန်းတီးမှုတွေထက် အပေါင်းလက္ခဏာဆောင်တဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေကို အဓိကထားပြီး မဲဆွယ်စည်းရုံးခဲ့တယ်။

ဒေသတွင်းနိုင်ငံရေးကိုပဲ ကွက်မစဉ်းစားဘဲ တနိုင်ငံလုံးနိုင်ငံရေးကို စဉ်းစားပြီး အလုပ်လုပ်ခဲ့တယ်။

တဖက်ကလည်း အမျိုးသားရေး ဝါဒ ခေါင်းပြန်ထောင်လာတာဆိုပြီး အဓိပ္ပါယ်မဲ့ငိုကြွေးမြည်တမ်း နေမယ့်အစား လူထုရဲ့ လိုလားမှုကို ပိုမိုနားလည်ပေးဖို့လိုတယ်လို့ မြင်မိတယ်။

ကိုယ့်လူမျိုးဖွံ့ဖြိုးတိုးတက်မှုကို ကိုယ့်လူမျိုးတွေကပဲ ဦးစီးဆောင်ရွက်ချင်တဲ့ဆန္ဒကိုလေးစားနားလည်ပေးဖို့လိုတယ်လို့ မြင်မိတယ်။

စာလည်းရှည်ပြီ။ ယူကေရွေးကောက်ပွဲကိုကြည့်ပြီး စိတ်ထဲပေါ်လာ တာကို ထိုင်ရေးလိုက်တာပါ။

မြန်မာပြည်ကတိုင်းရင်းသားပါတီတွေနဲ့ ပါတီကြီးတွေ ဒီရွေးကောက်ပွဲရဲ့ရလဒ်နဲ့အနေအထားကို လေ့လာနိုင်ကြပါစေ။

''စကော့တလန်ရေနံ စကော့တလန်အတွက်ဖြစ် ရမယ်'' ဆိုတဲ့ကြွေးကြော်သံနဲ့ ၁၉၇၀ ကာလတွေတုန်းက နိုင်ငံရေး လောကထဲမှာခေါင်ထလာတဲ့ စကော့အမျိုးသားရေးပါတီရဲ့ အောင်ပွဲကို ကျနော်တော့ အကောင်းမြင်နေမိပါတယ်။

ကိုရဲ

(ဒီတကြိမ်ဗြိတိန်ရွေးကောက်ပွဲမှာ စကော့တလန်အမျိုးသားရေးပါတီဟာ စကော့နယ်တခုလုံးနီးပါး အနိုင်ရရှိသွားပြီး ဗြိတိန်ကနေ စကော့တလန်ခွဲထွက်ဖို့ကိစ တကျော့ပြန်လာမလားလို့ ဝေဖန်သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်-ဆောင်းပါးတာဝန်ခံ)

မှတ်ချက်-စာရေးသူ၏ခွင့်ပြုချက်ဖြင့် ကိုရဲ ဖေ့စ်ဘွတ်မှ ကူးယူဖော်ပြသည်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013