DVB Logo
Home
မြန်မာသတင်း
လူထုနှင့် ကေအန်ပီပီတပ်ဖွဲ့ တွေ့ဆုံရေး နေပြည်တော်စစ်ရုံးကို တင်ပြမည်
DVB
·
May 9, 2015
လူထုနှင့် ကေအန်ပီပီတပ်ဖွဲ့ တွေ့ဆုံရေး နေပြည်တော်စစ်ရုံးကို တင်ပြမည်
Donate to DVB

လူထုနဲ့ ကေအန်ပီပီတွေ့ဆုံခွင့်ရရေး ကယားပြည်နယ်အစိုးရက နေပြည်တောင်စစ်ရုံးကို တင်ပြပေး သွားမှာ ဖြစ်ပြီး လာမယ့်အပတ်ထဲ အဖြေသိရမယ်လို့ ကေအန်ပီပီက ပြောပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ မြောက်ဘက် ရှမ်းကယားနယ်စပ် တီးလိုကျေးရွာအုပ်စု ထဲမှာ ရောက်ရှိနေကြ တဲ့ ကေအန်ပီပီ တပ်ဖွဲ့ဝင် ၂၀၀ ကျော် နယ်မြေဆင်းပြီး လူထုနဲ့တွေ့ဖို့ တောင်းဆိုထားနဲ့ပတ်သက်လို့ ပြည်နယ် အစိုးရအဖွဲ့နဲ့ကေအန်ပီပီတို့ ဒီနေ့ လွိုင်ကော်မြို့မှာ ဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးပွဲကို ကယားပြည်နယ်အစိုးရဘက်က ၀န်ကြီးချုပ် ဦးခင်မောင်ဦး ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ဘက်က ဒုဥက္ကဋ္ဌ ခူးဦးရယ် ဦးဆောင်တဲ့အဖွဲ့တို့ တက်ရောက် ဆွေးနွေးခဲ့ကြတာဖြစ်ပြီး နေပြည်တော်စစ်ရုံးကို ဆက်လက်တင်ပြပေးမယ်ဆိုတဲ့ အဖြေရခဲ့ကြောင်း ဆွေးနွေးပွဲတက်ခဲ့တဲ့ ကေအန်ပီပီ ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ် က ပြောပါတယ်။

“စစ်ကြောင်းက သူတို့ မူအတိုင်းဆို ခွင့်ပြုလို့ မရဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ တပ်အင်အားလျှော့ပြီး သွားရင်တော့ တင်ပြပေးမယ်ပြောတယ်။ ကျနော်တို့ ပြောလိုက်တာက တပ်ကို ၃ ဖွဲ့ ခွဲမယ်၊ ၃ဖွဲ့ခွဲပြီး လှုပ်ရှားသွားခွင့်ပြုဖို့ တင်ပြတယ်။ အဲ့ဒါနဲ့ သူတို့ နေပြည်တော်စစ်ရုံးကို တင်ပြပေးမယ်တဲ့ နောက်တပတ်ထဲမှာ သိရမယ်လို့ ပြောတယ်။”

ကေအန်ပီပီတပ်ဖွဲ့အနေနဲ့ နယ်စပ်မှာပဲ အနေများပြီး လူထုနဲ့ ထိတွေ့မှုနည်းတာကြောင့် နယ်မြေဆင်းပြီး လူထုနဲ့ ထိတွေ့ဆက်ဆံချင်တယ်၊ လတ်တလော အပစ်ရပ်စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီးတော့လဲ လူထုကို ရှင်းပြလိုတယ်၊ ကျန်းမာရေးစောင့်ရှောက်ကုသမှု ပေးလိုတယ်၊ စတဲ့အကြောင်းတွေကြောင့် နယ်မြေဆင်းလို တာဖြစ်ကြောင်း ခူညေးရယ်က ပြောပါတယ်။

လတ်တလောမှာ ကေအန်ပီပီတပ်ဖွဲ့ဝင် ၂၀၀ကျော်ဟာ တီးလိုကျေးရွာအုပ်စုထဲမှာရှိတဲ့ ရွာ ၇ ရွာလောက် မှာ ဖြန့်ကျက်နေထိုင်နေကြပြီး သူတို့နဲ့ မနီးမဝေးမှာ အစိုးရတပ်ရှိနေပါတယ်။

ဒီနေ့စည်းဝေးပွဲမှာ အစိုးရ ဒစကတပ်မှူး ဗိုလ်မှူးကြီးအေးလွင်လည်း တက်ရောက်ပြီး ပစ်ခတ်မှု လုံးဝ မဖြစ်စေရ ဘူးလို့ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ကေအန်ပီပီ တပ်ဖွဲ့ဝင်တွေဟာ မေလ ၁ ရက်နေ့က  ရှားတောမြို့နယ်ထဲ ၀င်ရောက်ခဲ့ပြီး မေလ ၇ ရက်မှာတော့ လွိုင်ကော်မြို့ မြောက်ဘက် ရှမ်းကယားနယ်စပ် တီးလိုကျေးရွာအုပ်စုထဲမှာ ရောက်ရှိနေ တာ ဖြစ်ပါ တယ်။

ကေအန်ပီပီ ကရင်နီအမျိုးသားတိုးတက်ရေးပါတီဟာ ၂၀၁၂ ခုနှစ်က အစိုးရနဲ့ ပဏာမ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးပြီး သတ်မှတ်ထားတဲ့နေရာမှာပဲ နေထိုင်ဖို့၊ သတ်မှတ်နေရာကအပ အခြားနေရာကို လက်နက်ကိုင်စွဲပြီး ၀င်ရောက်ခြင်းမပြုဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013