DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရရေး တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ ဆွေးနွေး
DVB
·
May 9, 2015
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရရေး တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ ဆွေးနွေး
1 / 15
Donate to DVB

နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်တွေရရှိဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။

ငြိမ်းချမ်းရေး နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ အင်းယားလိပ်ဟိုတယ်မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို ဘယ်ကစပြီး အကောင်အထည်ဖော်မလဲဆိုတာ တိုင်ပင်ဆွေးနွေးကြတာပါ။

ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးဝင်းထွန်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ခေါင်းဆောင် ၂၉ ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး အယောက် ၂၀၊ တရားဝင်မှတ်ပုံတင်ထားတဲ့  နိုင်ငံရေးပါတီ ၇၃ ပါတီအနက် ၆၄ ပါတီက ခေါင်းဆောင်တွေနဲ့ လေ့လာသူ ၃၀ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံရေး မူဘောင်ရရှိရေးညှိနှိုင်းမှုဆိုင်ရာ ​​ဆွေး​နွေးပွဲ​တွေ ပြုလုပ်တာဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အောင်မြင်ချောမွေ့စွာ ဖြစ်ပေါ်ရေးအတွက် အထောက်အကူပြုတယ်လို့လည်း သဘာပတီတဦး ဖြစ်တဲ့ ကေအန်ယူဥက္ကဋ္ဌ ​စောမူတူး​စေးဖိုးက အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

“Deed of Commitment ရဲ့ ကနဦး ပူးပေါင်းအကောင် အထည်ဖော်မှုအနေနဲ့ ယခု ဆွေးနွေးပွဲမှ နိုင်ငံရေးဆွေးနွေးပွဲများပေါ်ပေါက်ရန်လိုအပ်တဲ့ မူဘောင်ရရှိရေးဆိုင်ရာ သဘော ထားကိုလည်း ညှိနှိုင်းသွားနိုင်ရင် သင့်တော်မယ်လို့ ပြောကြားလိုပါတယ်။ နိုင်ငံရေး မူဘောင် ရရှိရေး ညှိနှိုင်းမှုဆိုင်ရာ အခုလိုအစည်းအဝေးမျိုးဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အောင်မြင်ချောမွေ့စွာ ဖြစ်ပေါ်ရေးအတွက် အထောက်အကူ ပြုရန်ဖြစ်ပြီး၊ လွှမ်းမိုးသွားရန်အတွက်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားလိုပါတယ်။”

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် အမြန်ချုပ်ဆိုနိုင်ဖို့ တဖက်ကကြိုးစား​နေကြသလို တဖက်က နိုင်ငံ​ရေး​ဆွေး​နွေးပွဲမူ​ဘောင်​ကို ဝိုင်းဝန်း​ဆွေး​နွေးဖို့ လိုအပ်တယ်လို့လည်း တက်ရောက်သူတွေထဲက ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

“အခု framework (မူဘောင်) က မပြီးနိုင်​သေးပါဘူး။ ၅၆ ပါတီက​တော့​ရေးဆွဲပြီးသားပါ။ အဲ့​တော့ ကျန်တဲ့ပါတီ​တွေ၊ ကျန်တဲ့တိုင်းရင်းသား​ခေါင်း​ဆောင်​တွေကလည်း ရှိမယ်လို့ထင်တယ်။ အဲ့​တော့ ကျ​နော်တို့က framework ကို​တော့ မြန်မြန်ဆန်ဆန်နဲ့ပြီး​အောင်လုပ်ပြီး​တော့ Political Dialogue သွားနိုင်​အောင်လုပ်ဖို့​တော့ သင့်တယ်လို့ယူဆပါတယ်။ အဲဒါက framework ဖြစ်နိုင်​အောင် အလုပ်အဖွဲ့သ​ဘောမျိုးနဲ့ ဒီအစည်းအ​ဝေးက​နေပြီး​တော့ အလုပ်အဖွဲ့ဖွဲ့စည်းပြီး​တော့ လုပ်သွားမှသာလျှင် လိုချင်တဲ့ပုံစံဖြစ်မယ်။”

ဒီ​ဆွေး​နွေးပွဲဟာ အစိုးရအနေနဲ့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က သမ္မတဦးသိန်းစိန် ကိုယ်တိုင်ဦးဆောင် လက်မှတ်ထိုးထားတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကတိပြုလက်မှတ် ရေးထိုးထားတဲ့အထဲက ရွေးကောက်ပွဲများ မတိုင်မီ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရေးဆိုတဲ့အချက်ကို အ​ကောင်အထည်​ဖော်တာလည်း ဖြစ်ပါတယ်။

[gallery ids="92232,92233,92234,92235,92236,92237,92238,92239,92240,92241,92242,92243,92244,92245,92246"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013