DVB Logo
Home
မြန်မာသတင်း
မြို့ကြီးအချို့တွင် မိုးသက်လေပြင်းကျ
DVB
·
May 9, 2015
မြို့ကြီးအချို့တွင် မိုးသက်လေပြင်းကျ
1 / 5
Donate to DVB

မေလ ၈ ရက်ညနေပိုင်းက မြန်မာနိုင်ငံရှိ မြို့ကြီးအချို့မှာ မိုးသက်လေပြင်းကျရောက်ခဲ့ပြီး သစ်ပင်သစ်ကိုင်းကျိုးကျမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် လူထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။

ရှမ်းပြည်နယ်၊ မိုင်းဆတ်၊ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မန္တလေးတိုင်း၊ မန္တလေးမြို့နဲ့ ပြင်ဦးလွင်မြို့နဲ့ မြစ်ငယ်တို့မှာ မေ ၈ ရက်နေ့ ညနေပိုင်းနဲ့ညပိုင်းတို့မှာ မိုးသက်လေပြင်းကျပြီး ထစ်ချုန်းမိုးတွေ ရွာသွန်းခဲ့ပါတယ်။

မန္တလေး၊ စစ်ကိုင်းလမ်းတလျှောက် သစ်ပင်ကြီးများ ပြိုလဲခဲ့ပြီး တောင်သမန်အင်းစောင်းမှာ တည်ရှိတဲ့ လောကရံသီပုထိုးတော်ကြီး ဘုရားရဲ့ထီးတော်သုံးဆင့်ခန့်နဲ့ စိန်ဖူးတော် မြေခခဲ့ပါတယ်။

မိုးသက်လေပြင်းကျစဉ် လေတိုက်နှုန်း ၁ နာရီမိုင် ၃၀ နဲ့ မိုင် ၄၀ လောက် တိုက်ခတ်ခဲ့ပြီး လေတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းတွေ ကျိုးကျတာ၊ သစ်ပင်များလဲပြိုကျတာ၊ အိမ်အမိုးတွေလန်ထွက်တဲ့အပြင် လျှပ်စစ်မီးပြတ်တောက်တာတွေလည်း ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။

မေ ၇ ရက်ညပိုင်းမှာလည်း ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့နယ်ထဲ အလားတူ မိုးသက်လေပြင်းကျရောက်ပြီး အင်ခေါင်းပါ ဒုက္ခသည်စခန်းရှိ အိမ် ၅၉ လုံး ပျက်စီးသွားတယ်လို့ ကေအိုင်အို ဗဟိုစစ်ဘေးဒုက္ခသည် ကူညီစောင့်ရှောက်ရေးကော်မတီ အတွင်းရေးမှူး ဦးဇော်ရော်က ပြောပါတယ်။

“မေ ၇ ရက်ည ၇ နာရီလောက်မှာ မုန်တိုင်းကျပြီး အိမ်အမိုးအကာတွေ လွင့်ပါပျက်စီးကုန်ကြတယ်။ အိမ် ၅၉ လုံး၊ လူဦးရေ ၃၀၀ လောက် ဒုကရောက်နေကြတယ်။”

အင်ခေါင်းပါဒုက္ခသည်စခန်းမှာ လူဦးရေ ၂၀၀၀ လောက် ခိုလှုံနေထိုင်နေကြပြီး အကူအညီလိုအပ်နေတယ်လို့လည်း ပြောပါတယ်။

အခုရက်ပိုင်းအတွင်း မြန်မာပြည်အနှံ့အပြားမှာဖြစ်ပေါ်နေတဲ့ မိုးတိမ်တောင်တွေကြောင့် မိုးသက်လေပြင်းကျရောက်မှာတွေ ဖြစ်ပွားနိုင်တယ်လို့ မိုးလေ၀သဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - မျိုးနိုင်

[gallery ids="92204,92205,92206,92207,92208"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013